သွားရင်းလာရင်း အပေါ့သွားချင်ပေမယ့် အိမ်သာ အလွယ်တကူ ရှာမရတဲ့အခါမျိုး ရှိပါတယ်။ ခရီးထွက်တဲ့အခါမျိုးှမှာဆို ပိုဆိုးတတ်ပါတယ်။ တချို့ကတော့ အပေါ့ခဏခဏသွားတတ်ပြီး ဆီးလွယ်သူတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေအတွက် အကြံညဏ်ကောင်းပေးချင်ပါတယ်။


၁ - ကားပေါ်မှာ

ကိုယ့်မှာ ဆီးမခိုင်တဲ့ အကျင့်ရှိတယ်ဆိုရင် ပြတင်းပေါက်နားက ခုံကို ယူတာမျိုး မလုပ်သင့်ပါဘူး။ လျှောက်လမ်းဘက်က ခုံကိုသာ ရွေးသင့်ပါတယ်။ ဒါမှ အထိုင်အထ အားနာစရာ မလိုမှာ ဖြစ်ပါတယ်။ ကားကို ရပ်ခိုင်းပြီး သွားရမှာမျိုးဆိုရင် အတက်အဆင်းပေါက်နား နီးတဲ့ခုံဆို ပိုကောင်းပါတယ်။ ဒါမှ မဟုတ် ကားရှေ့ဘက် ဒရိုင်ဘာနားနီးတဲ့ ခုံမျိုးဆိုလည်း အဆင်ပြေပါတယ်။

 

၂ - အများကြီးလည်းမဟုတ်၊ နည်းနည်းလေးလည်း မဟုတ်

ရေအများကြီးသောက်တာက ပိုဆိုးနိုင်သလို နည်းနည်းလေးသောက်တာကလည်း ပြဿနာရှိပါတယ်။ ကိုယ်တွင်း ရေဓာတ်နည်းပါးခြင်းဟာ ဆီးအိတ်ကို သက်ရောက်မှုရှိပြီး အပေါ့သွားချင်စိတ်ကို ဖြစ်ပေါ်လာစေပါတယ်။ အကောင်းဆုံးကတော့ အာဆွတ်ရုံလောက်ပဲ ရေကို သောက်ပေးတာက အဆင်ပြေပါတယ်။ လေအေးပေးစက်ကြောင့် အရမ်းအေးနေတယ်ဆိုရင်လည်း အအေးလျှော့ထားပါ။ ရာသီဥတုအေးတာက ဆီးသွားချင်စိတ်ကို ပိုမိုဖိအားပေးပါတယ်။ အနွေးထည်ဝတ်တာ၊ စောင်ခြုံတာမျိုးနဲ့ နွေးနွေးထွေးထွေးနေသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ အမှန်တရား (၃) ခု )

 

၃ - ဒီအချိန်တွေမသောက်နဲ့

ခရီးထွက်ခါနီး နှစ်နာရီအတွင်း မသောက်ပါနဲ့။ ကားပေါ်တက်ခါနီး၊ လေယာဉ်ပေါ်တက်ခါနီး နှစ်နာရီတွင်း မသောက်ပါနဲ့။ သောက်မယ်ဆိုရင် ရေပဲ သောက်ပါ။ ကော်ဖီတို့၊ ဖျော်ရည်တို့ရှောင်ပါ။ကားနဲ့သွားလို့ လမ်းခရီးနားတဲ့အခါ အပေါ့သွားချင်စိတ် ရှိရှိ မရှိရှိ အပေါ့သွားသင့်ပါတယ်။

 

၄ - အောင့်ထားပါ

အောင့်ထားရမယ်ဆိုရင်တော့ ဗိုက်အောက်ဘက်ပိုင်းကို ညှစ်ထားတာမျိုး မလုပ်ပါနဲ့။ ဆီးအိတ်ကိုပိုပြီး ဖိအားပေးသလို ဖြစ်ပါတယ်။ ခြေထောက်ကို ချိတ်ပြီး လိမ်ထားပါ။ မတ်မတ်ထိုင်ပြီး ခန္ဓာကိုယ်ကို ဖြေလျှော့ထားပါ။ ခါးကို ကိုင်းထားတာက ဆီးအိတ်ကိုပေးတဲ့ဖိအားကို လျော့စေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -ခရီးသွားတွေအကြိုက် ကမ္ဘာ့အလှဆုံးကမ်းခြေ (၅) ခု )

Photos & Source: Prevetion, wikiHow


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က