အရသာလည်းရှိ... အာဟာရလည်းဖြစ်စေမယ့် ဘရောင်နီလေးပါ။
 

ချောကလက်ရနံ့မွှေးမွှေးလေးနဲ့ ဘရောင်နီ (brownie) မုန့်လေးတွေ စားရတာ အရသာရှိတယ်။ စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေတယ်။ အနံ့၊ အရသာကောင်းမွန်တာမို့ ကလေးရောလူကြီးပါ ကြိုက်ကြတဲ့မုန့်လေး ဖြစ်ပါတယ်။ ဘရောင်နီကို ထောပတ်သီး၊ ဟင်းနုနွယ်တို့နဲ့ ရောစပ်ပြီး လုပ်စားကြရအောင်...

 

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဂျုံမှုန့် ၂ ခွက်၊ မုန့်ဖုတ်ဆိုဒါ - လက်ဖက်စားဇွန်း ၁ ဇွန်း၊ ကိုကိုးမှုန့် ခွက်တစ်ဝက်၊ ကြက်ဥ ၂ လုံး၊ ဗနီလာ - လက်ဖက်စားဇွန်း ၁ ဇွန်း၊ ပျားရည် ခွက်တစ်ဝက်၊ ဒိန်ချဉ် ခွက်တစ်ဝက်၊ ငှက်ပျောသီး ၁ လုံး၊ ထောပတ်သီး ၁ လုံး၊ ဟင်းနုနွယ်ရွက် ၂ ခွက်၊ ချောကလက်ခဲ ခွက်တစ်ဝက်တို့ လိုအပ်ပါတယ်။ ချက်ပြုတ်ရာမှာ ချင်တွယ်တိုင်းတာတဲ့ ဖန်ပန်းကန်လုံးလေးတွေနဲ့ ချင်တွယ်ရမှာဖြစ်ပါတယ်။

 

ဂျုံမှုန့်၊ ဆိုဒါ၊ ကိုကိုးမှုန့်တို့ကို ခွက်တစ်လုံးထဲမှာ ရောထည့်မွှေထားပါ။ ကြက်ဥ၊ ဗနီလာ၊ ပျားရည်၊ ဒိန်ချဉ်၊ ငှက်ပျောသီး၊ ထောပတ်သီးနဲ့ ဟင်းနုနွယ်ရွက်တို့ကိုတော့ Blender ထဲထည့်ပြီး ရောမွှေပေးရပါမယ်။ ပြီးသွားရင် အမှုန့်တွေရောထားတဲ့ခွက်ထဲကို လောင်းထည့်ပြီး ချောက်ကလက်ခဲတွေပါ ထပ်ထည့်ကာ မွှေပေးပါ။ ပုံစံခွက်လေးထဲကိုဖြည့်ပြီး မီးဖိုထဲမှာ အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက် (၁၈၀ ဒီဂရီဆဲလ်စီးယပ်စ်) နဲ့ မိနစ် ၂၀ ကြာ ဖုတ်ပေးလိုက်မယ်ဆို အရသာထူးခြားတဲ့ ထောပတ်သီး၊ ဟင်းနုနွယ် ဘရောင်နီမုန့်လေးကို ရပါပြီ။

Source : Tasty

Share

Loading Next Article...
က္က