အမြင်ကတော့ အရမ်းချစ်စရာကောင်းတာပဲ.. စားမိရင် ရှုးရှုးရှဲရှဲဖြစ်သွားမယ့် ငြုပ်ပန်းပွင့်လေးပါ။
 

အစားအသောက်တွေဟာ ဖြစ်သလို ထည့်ထားရင်၊ သပ်သပ်ရပ်ရပ်မရှိရင် ဘယ်လိုမှ စားချင်စရာမကောင်းပါဘူး။ အမြင်မလှတဲ့ ဟင်းပွဲတွေက ဧည့်သည်ကိုခေါ်ပြီး ကျွေးမွေးမယ်ဆိုလည်း မျက်နှာပျက်ရပါတယ်။ အရသာက မြည်းကြည့်မှသာ သိရတာလေ။ အပြင်အဆင်ကြည့်ရုံနဲ့တင် စားချင်စိတ်ကုန်သွားအောင်တော့ မလုပ်မိပါစေနဲ့။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ပန်းသီးနဲ့ ကြောင်လိမ်လှေကားပုံလေး အလှဆင်မလား

 

ဟင်းပွဲတစ်ခုကို လှလှပပ ဆင်ယင်ခင်းကျင်းထားတဲ့ခါ ပိုပြီးအရသာရှိတယ်လို့တောင် စိတ်က ခံစားမိပါတယ်။ ဟိုတယ်ကြီးတွေမှာဆို ဟင်းပွဲတွေကို နည်းအမျိုးမျိုးနဲ့ အလှဆင်ကြပါတယ်။ ငြုပ်သီးတောင့်လေးတွေနဲ့ ပန်းပွင့်ပုံစံ ပြုလုပ်ကြည့်မယ်ဆိုရင် နည်းလမ်းကို ပြောပါ့မယ်။ ဒီနည်းဟာ နာမည်ကျော်စားဖိုမှုး Devaux က သူ့ရဲ့ YouTube ပေါ်မှာ လက်တွေ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

 

ငြုပ်သီးတောင့် အနီလေးကို အသုံးပြုတာပါ။ အညှာကို မချွေပါနဲ့။ လက်နေ အညှာကိုကိုင်ထားပြီး ဓားပါးပါး ထက်ထက်နဲ့ အလယ်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။ နောက်တစ်ကြိမ် ခြမ်းပါ။ ဒါဆိုရင် လေးပိုင်း ဖြစ်ပြီပေါ့။ ဓားက ပါးနေမှ အဆင်ပြေပါလိမ့်မယ်။ ဓားမထက်ဘူး၊ မပါးဘူးဆိုရင် လုပ်လို့မရပါဘူး။ ၄ စိတ်ကိုမှ ထပ်မံစိတ်ဖြာလိုက်ပါ။ ပြီးရင် ရေခဲရေထဲမှာ မိနစ် ၃၀/ ၄၀ လောက် စိမ်ထားလိုက်ရပါမယ်။ ရေခဲရေက ငြုပ်သီးက ဆဲလ်တွေကို ပြန့်ကားထွက်လာအောင် လှုံ့ဆော်လိုက်တဲ့အခါ ဖွာနေတဲ့ ငြုပ်သီးလေးက ပြန့်ကားပြီး ကွေးကွေးလေးဖြစ်သွားတာမို့ ပန်းပွင့်ပုံစံလေး ဖြစ်သွားပါတော့တယ်။

Source : YouTube

 

Share

Loading Next Article...
က္က