ပေပေါင်း ၄၀၀၀ ရှည်လျားမှာဖြစ်ပြီး အဆောက်အအုံနံရံတွေမှာ ဖန်သားတွေနဲ့ အလှဆင်ထားဦးမှာပါ။
 

ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်လာဖို့အတွက် နိုင်ငံအချို့မှာ မိုးမျှော်တိုက်တွေ ဆောက်လုပ်နေကြပါတယ်။ အမြင့်တကာ အမြင့်ဆုံး အဆောက်အအုံ ဖြစ်နိုင်ဖို့ ကြိုးပန်းနေကြချိန်မှာတော့ အရှည်လျားဆုံး အအောက်အအုံတစ်ခုကို အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တော်မှာ ဆောက်လုပ်တော့မှာဖြစ်ပါတယ်။

 

The Big Bend လို့ အမည်ပေးထားတဲ့ အဆောက်အအုံကြီးက ကြိုးကွင်းပုံသဏ္ဍန်နဲ့ Manhattan ရပ်ကွက်ရဲ့ကောင်းကင်မှာ ထွက်ပေါ်လာတော့မှာပါ။ အဆောက်အအုံရဲ့ ဒီဇိုင်းအရဆိုရင် U ပုံစံကို ဇောက်ထိုးအနေအထားနဲ့ ရှိနေတာ တွေ့ရပါတယ်။ အတွင်းပိုင်းက ဓာတ်လှေကားဟာလည်း အကွေးဘက်တွေမှာ ရေပြင်ညီအတိုင်း သွားလာနိုင်မယ်လို့ သိရပါတယ်။

 

အလျားအနေနဲ့ ပေပေါင်း ၄၀၀၀ ရှည်လျားမှာဖြစ်ပြီး အဆောက်အအုံနံရံတွေမှာ ဖန်သားတွေနဲ့ အလှဆင်ထားဦးမှာပါ။ ဒါဟာ နယူးယော့ခ်လို စည်ကားပြီးဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့တစ်မြို့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါလိမ့်မယ်။ ဒီဇိုင်းကိုတော့ Oiio က ရေးဆွဲပေးထားတာဖြစ်ပြီး ၅၇ လမ်းမှာ ဆောက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

 

လတ်တလောမှာတော့ ဒီဇိုင်းကိုသာ စတင်ထုတ်ဖော်ထားရုံအဆင့် ရှိပါသေးတယ်။ ဆောက်လုပ်ရေးပိုင်းအတွက်တော့ အများကြီး အချိန်ယူရဦးမှာ ဖြစ်ပေမဲ့ The Big Bend ရဲ့ ဒီဇိုင်းက မော်ဒန်ဗိသုကာလက်ရာမှာတော့ စံတင်လောက်အောင် ထူးခြားကောင်းမွန်နေတာ တွေ့ရပါတယ်။

Source & Photo : Daily Mail

Share

Loading Next Article...
က္က