နွေရာသီရောက်ပြီဆိုရင်တော့ ကျောင်းတွေပိတ်ကြသလို နှစ်သစ်ကူးရုံးပိတ်ရက်တွေလည်း ရှိနေပါတယ်။ နွေရာသီမှာမှ ထူးထူးခြားခြားလုပ်လို့ကောင်းတဲ့ အချက်လေးတွေရှိပါတယ်။

၁ - ကမ်းခြေသွား (နှစ်ခေါက်လောက်သွား)

နွေရာသီမှာ ကမ်းခြေသွားဖို့ ဆိုတာ ပြောစရာမလိုတဲ့ ကိစ္စတစ်ခုလိုပါပဲ။ လူတိုင်းဟာ နွေရာသီဝင်လာပြီဆိုတာနဲ့ ကမ်းခြေသွားဖို့ အားခဲတတ်ကြပါတယ်။ ဒါပေမယ့်လည်း တကယ်မသွားဖြစ်ဘဲ မိုးဝင်လာတာကြောင့် နောက်တစ်နှစ်မှပဲဆိုပြီး အားလျော့လိုက်ရသူတွေ မနည်းပါဘူး။့ ကမ်းခြေသွားတဲ့အခါ သိသိသာသာကို စိတ်လက်ပေါ့ပါးလန်းဆန်းပါတယ်။ လတ်ဆတ်တဲ့လေကို ရှုရင်း ပင်လယ်ပြာကြီးကို ထိုင်ကြည့်ရတာကိုက နွေရာသီမှာပဲ ရနိုင်တဲ့ အရသာပါ။ မိုးဝင်သွားတယ်ဆိုရင်တော့ နောက်တစ်နှစ် ထပ်စောင့်ရတော့မှာပါ။

 

၂ - တောထဲသွား

နွေရာသီ သစ်ရိပ်ဝါးရိပ်နဲ့ တောထဲတောင်ထဲ သွားနေတာကလည်း ရွေးချယ်သင့်တဲ့ အပန်းဖြေနည်းတစ်ခုပါပဲ။ ရန်ကုန်ဘက်က လူတွေဆိုရင်တော့ နီးနီးနားနား တောင်ငူဘက်၊ ပဲခူးဘက်ကို ထွက်လို့ ရပါတယ်။  ကလောဘက် trekking ထွက်တာမျိုးလည်း လုပ်လို့ရပါတယ်။  အဖွဲ့လိုက် တောတောင်ထဲ စခန်းချနေထိုင်တာမျိုးဟာ သိပ်ခေတ်မစားသေးပေမယ့် နွေရာသီမှာ လုပ်သင့်ပါတယ်။

 

၃ - စက်ဘီးစီး

 ကိုယ်နေတဲ့ နေရာပေါ်လည်း မူတည်ပါတယ်။ ရာသီဥတုပူတာလျော့နည်းတယ်ဆိုရင်တော့ စက်ဘီးစီးတာမျိုးက အဆင်ပြေပါတယ်။ စက်ဘီးစီးမယ်ဆိုရင် ညနေဘက် ရေနားနီးတဲ့ နေရာမျိုးဟာ ရွေးချယ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ရန်ကုန်လိုနေရာမျိုးတွေမှာတော့ စက်ဘီးစီးဖို့ဟာ မလွယ်ပါဘူး။

 

၄ - ကန်ထဲမှာနေ

လှေတစ်စီးငှားပြီး ကန်ရေပြင်မှာ လျှောက်လှော်တာမျိုး ဖြစ်ပါတယ်။ လှေမလှော်တတ်လည်း ကန်စောင်းမှာ လေညှင်းခံရင်း နွေရာသီရဲ့ အရသာကို ခံစားတာမျိုး ဖြစ်ပါတယ်။ ငါးမျှားတတ်သူတွေအတွက်တော့ အဆင်ပြေပါတယ်။ ငါးမြှားလို့ကောင်းတဲ့ နေရာလေးတစ်ခုမှာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်ရင်း နွေရာသီနေ့ရက်အချို့ကို ဖြတ်ကျော်လို့ ရပါတယ်။

 

၅ - ရေကူး

ကမ်းခြေလည်း သွားဖို့ အဆင်မပြေဘူး၊ ကိုယ်မြို့မှာ အပန်းဖြေရလောက်တဲ့ ကြီးကြီးမားမား ကန်မျိုးလည်း မရှိဘူးဆိုရင်တော့ ရေကူးကန်တစ်ခုရှာပြီး ရေကူးသင့်ပါတယ်။ ကမ်းခြေသွားသလို အရသာမျိုး အပြည့်အဝမရပေမယ့် ရေကူးကန်ဟာလည်း တစ်စိတ်တစ်ပိုင်းတော့ အပန်းဖြေလို့ ကောင်းတဲ့ နေရာပါ။

Photos & Source: Elite Daily

Share

Loading Next Article...
က္က