ချိုမွှေးပြီး ဆိမ့်တဲ့အရသာနဲ့မို့ လုပ်စားကြည့်ပါလား။
 

အာလူးထောင်းကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်လို့ ရပါတယ်။ အရသာကိုလည်း အချို၊ အစပ် စသဖြင့် ပြုလုပ်ကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အာလူးထောင်းကို ထောပတ်၊ ခရင်မ်တို့နဲ့ ရောစပ်ကာ ပြုလုပ်လေ့ရှိပါတယ်။ နာမည်ကျော်စားဖိုးမှူး Tyler Florence ကတော့ သူ့ရဲ့ အာလူးထောင်းပြုလုပ်နည်းကို ခုလိုပဲ ပြောပြပါတယ်။

 

အာလူးကို ထောပတ်၊ နွားနို့တို့ရဲ့ ရောပြီးပြုတ်တာမျိုး မလုပ်နဲ့လို့ ဖလောရင့်စ်က ဆိုပါတယ်။ ပြုတ်ရည်တွေက သွန်လိုက်ရမှာဆိုတော့ နှမျောဖို့လည်းကောင်းပြီး အာလူးထဲလည်း သိပ်မဝင်လို့ပါ။ သူ့ရဲ့နည်းကတော့ အာလူးကို အခွံခွာ၊ အချောင်းလေးလှီးပြီး ခရင်မ်၊ ထောပတ်၊ သံလွင်ဆီတို့နဲ့ရောကာ ဒယ်အိုးပြားထဲမှာ ထည့်လိုက်ပါတယ်။ ကြက်သွန်ဖြူနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း ထပ်ဖြည့်ကာ မီးဖိုပေါ်မှာ မိနစ် ၂၀ လောက် အပူပေးရပါတယ်။

 

အပူပေးပြီးရင် မီးဖိုပေါ်ကချပြီး အာလူးတွေကို ဆယ်လိုက်ပါ။ အိုးထဲမှာကျန်နေတဲ့ အနှစ်တွေကို ခွက်တစ်လုံးနဲ့ဖယ်ထားရပါမယ်။ နောက်တော့မှ အာလူးကို ကြေအောင်ချေပြီး အနှစ်နဲ့အရသာ ထပ်ဖြည့်ရင် ပိုစားကောင်းပါလိမ့်မယ်လို့ စားဖိုမှူးကြီး တိုင်လာဖလောရင့်စ်က အကြံပေးခဲ့ပါတယ်။

Source : Pop Sugar

Share

Loading Next Article...
က္က