အသားအရေလှဖို့အတွက် များများသာ စားပေတော့။
 

ကောင်းပေ့၊ ဈေးကြီးပေ့ဆိုတဲ့ lotion တွေလိမ်းတယ်။ ခရင်မ်တွေ စုံအောင်လည်းလိမ်းတယ်။ ဒါပေမဲ့ အသားအရေက ပိုပြီးလှပမလာဘူးဆိုရင် ဘယ်လိုလုပ်မလဲ? ဒါဆိုရင် အစားအသောက် အနေအထိုင်ကို ပြန်ဆန်းစစ်ကြည့်ပါ။ အသားအရေကို လှပစေတဲ့ အစားအစာတွေလည်း ရှိပါတယ်။



 

၁။ ထောပတ်သီး

တစ်ပတ်ကို ထောပတ်သီးတစ်လုံးလောက် စားပါ။ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ အစိုဓာတ်ကိုလည်း ဖြည့်ပေးနိုင်တဲ့အပြင် အရေပြားဆဲလ်တွေ မပျက်စီးအောင်လည်း ကာကွယ်ပေးပါသေးတယ်။

 

၂။ တို့ဟူး

ပဲပိစပ်ကနေ ပြုလုပ်တဲ့ စားစရာတွေက အသားအရေအတွက် ကောင်းကျိုးပေးပါတယ်။ တို့ဟူး၊ ပဲနို့တို့ကို စားသုံးပါ။ အရေပြားဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးသလို အသားအရေကိုလည်း တောက်ပါစေပါတယ်။ တစ်ပတ်ကို ၃ ကြိမ်မှ ၅ ကြိမ် စားပါ။

 

၃။ ချောကလက်

နှလုံးအတွက် ကောင်းတယ်ဆိုတဲ့ ချောကလက်က အသားအရေကိုလည်း ကောင်းမွန်စေပါသတဲ့။ အရေပြားအပေါ်ယံလွှာ ခြောက်သွေ့မှုကို မဖြစ်စေပါဘူး။ တစ်နေ့ကို တစ်အောင်စခွဲလောက် နေ့စဉ်စားသင့်ပါတယ်။

 

၄။ အယ်လ်မွန်

မနက်စာမှာ အယ်လ်မွန်လေးနဲ့ ဒိန်ချဉ်လေးနဲ့ ရောပြီးစားရင် အရသာလည်းရှိ လူလည်းပေါ့ပါးတက်ကြွတယ်။ အရေပြားပေါ်မှာ ဝက်ခြံတွေ၊ နှင်းခူတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အရေပြားကို ကုသပေးနိုင်ပါသေးတယ်။

 

၅။ ဂရိတ်ဖရု

ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ ဂရိတ်ဖရုက အသားအရေ ချောမွေ့တင်းရင်းအောင် ကူညီပေးပါတယ်။ အခြားသစ်သီးတွေနဲ့ယှဉ်ရင် အချိုဓာတ်ပါဝင်မှုလည်းနည်းပါးလို့ သဘာဝအလျောက် အရေပြားအိုမင်းရင့်ရော်မှုကိုလည်း နှေးသွားစေပါတယ်။

Source : Prevention


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က