အစာကြေစေတယ်။ သွေးပေါင်ချိန် မှန်စေပြီး သွေးအားနည်းတာကို ကာကွယ်တယ်။

ချိုချိုချဉ်ချဉ်အရသာနဲ့ ကျွဲကောသီးဟာ လူကို ကျန်းမာစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ကျွဲကောသီးလေးကို ဆားလေးနဲ့တို့စားလိုက်ရရင် ရင်ပူနေတာတောင် သက်သာသွားသလိုပါပဲ။ သူက အရိုးနဲ့သွားတွေကိုလည်း ကျန်းမာစေပါသတဲ့။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ အစာကြေစေတယ်။ သွေးပေါင်ချိန် မှန်စေပြီး သွေးအားနည်းတာကို ကာကွယ်တယ်။ တခြားကောင်းကျိုးတွေကိုရော သင် သိပါသလား?

၁။ ချောမွေ့တဲ့အရေပြား

ကျွဲကောသီးမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အသားအရေ ချောမွေ့ပြေပြစ်စေဖို့ များစွာသက်ရောက်မှုရှိပါတယ်။ တောက်ပပြီး ကျန်းမာတဲ့အသားအရေကို လိုချင်ရင်တော့ များများသာစား။

၂။ နုပျိုစေတယ်

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ (antioxidant)တွေ ရှိနေလို့လည်း အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တာပါ။ အထူးသဖြင့် အရေပြား ကျုံ့နိုင်ဆန့်နိုင်မှု လျော့နည်းခြင်းနဲ့ မျက်နှာပေါ်မှာ တင်းတိပ်ပေါက်ခြင်းတို့လို အရွယ်မတိုင်မီ အိုမင်းခြင်းတွေ မဖြစ်စေပါဘူး။

 

၃။ မျက်နှာပေါင်းတင်

သူက ပိုးမွှားတွေရန်ကိုလည်း ဖယ်ရှားပေးပါသေးတယ်။ အသီးကို အရည်ညှစ်ပြီး မျက်နှာမှာ သုတ်ထားလိုက်။ ခြောက်သွားမှ ရေဆေးချလိုက်ရင် မျက်နှာပေါ်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေ စင်သွားပါလိမ့်မယ်။

၄။ ဝိတ်ကျစေ

ကိုယ်အလေးချိန် လျော့ချဖို့ ကြိုးစားနေရင်တော့ ကျွဲကောသီးဖျော်ရည် များများသောက်ပါ။ အဆီတွေကို လောင်ကျွမ်းပေးမယ့် အင်ဇိုင်းပါဝင်လို့ ခန္ဓာကိုယ်တွင်းရှိ အချိုဓာတ်နဲ့ ကစီဓာတ်စုပ်ယူမှုကို လျော့ကျစေပါတယ်။

 

၅။ ကိုလက်စထရောလျော့ချပေး

သွေးတွင်းရှိ အဆီဓာတ် (cholesterol) ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။ အသည်းကနေ ကိုလက်စထရောထုတ်လွှတ်မှုတွေကို လျော့ကျစေနိုင်တာမို့ ကျွဲကောသီးကို စားခြင်းဟာ ခန္ဓာကိုယ်အတွက်တော့ ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။

Source : Vege Fruits

Share

Loading Next Article...
က္က