သင်္ကြန်ရက်တွေဟာ သတ်မှတ်ပြီးသားဖြစ်နေတာမို့ ဒီရက်တွေကို ညှိပြီး သွားရတာဖြစ်ပါတယ်။
 

ခရီးထွက်မယ့်သူတွေအနေနဲ့ သင်္ကြန်ရက်တွေမှာ အစစအရာရာဟာ ပုံမှန်ထက်ကို ဈေးကြီးနေမှာကို သတိပြုသင့်ပါတယ်။ ဒါပေမယ့် အခြားသူတွေထက်ကို သင်က အကုန်အကျများရတဲ့အကြောင်းအရင်းလေးတွေ ရှိပါတယ်။

၁ - နောက်ကျမှစီစဉ်ခြင်း

သင်္ကြန်အားလပ်ရက်ခရီးထွက်ဖို့ကို နောက်ကျမှ စီစဉ်တဲ့အခါ  အစစအရာရာဟာ ဈေးကြီးနေပါတယ်။ ဟိုတယ်တွေ Booking တင်တဲ့အခါ ဈေးကြီးတာနဲ့ ကြုံပါတယ်။ ကားလက်မှတ်တွေ မရတော့တာကြောင့် စင်းလုံးငှားပြီးသွားရနိုင်ပါတယ်။ ခရီးသွားကုမ္ပဏီတွေရဲ့ ခရီးသွားအစီအစဉ်တွေဟာလည်း ဈေးကြီးပါတယ်။ သင်္ကြန်ရက်တွင်းဟာ ပုံမှန်ထက် ဈေးကြီးတာမှန်ပေမယ့် နောက်ကျမှစီစဉ်တဲ့အခါ သူများထက်ကို ဈေးပိုပေးရတတ်ပါတယ်။

 

၂ - အလျှော့အတင်းမရှိခြင်း

ဒီခရီးမှ ဒီခရီးပဲလို့ စီစဉ်ထားတာမျိုး ဖြစ်ပါတယ်။ ရက်ကလည်း အပြောင်းအလဲ မလုပ်နိုင်ဘဲ ဒီရက်မှ ဒီရက်ဖြစ်နေတာပါ။ သင်္ကြန်ရက်တွေဟာ သတ်မှတ်ပြီးသားဖြစ်နေတာမို့ ဒီရက်တွေကို ညှိပြီး သွားရတာဖြစ်ပါတယ်။ အပြောင်းအလဲ လုပ်ဖို့က အဆင်မပြေပါဘူး။ ဒါပေမယ့် အားလပ်ရက်ဟာ ရက်ရှည်ဖြစ်တာကြောင့် သင်္ကြန်ပြီးမှ စီစဉ်တာမျိုး၊ အားလပ်ရက်ကို ခွင့်ရက်နှစ်ရက်လာက်ထပ်ပေါင်းပြီး သွားတာမျိုးတွေဆို သင့်အတွက် ပိုသက်သာပါမယ်။

၃ - လေ့လာခြင်းမရှိတာ

ကိုယ်သွားမယ်ခရီးကို ကြိုတင်လေ့လာခြင်းမရှိတာ ဖြစ်ပါတယ်။ လမ်းခရီးအခြေအနေ၊ အစားအသောက်၊ နေဖို့ထိုင်ဖို့ စတာတွေကို ကြိုတင်လေ့လာမထားတာ ဖြစ်ပါတယ်။ သင်္ကြန်တွင်းဖြစ်တာမို့ သင့်ဘက်က ပိုပြီးတော့တောင် လေ့လာရမှာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - သင်္ကြန်တွင်း ကားနဲ့ ခရီးရှည်ထွက်မယ့်သူတွေ သိသင့်တဲ့အချက် (၆) ချက်)

 

၄ - မမျှော်လင့်ဘဲ သုံးမိတာ

ခရီးစဉ်မှာ အပိုသုံးမိတာတွေ ဖြစ်ပါတယ်။ ဒါက သင်္ကြန်အားလပ်ရက်မှာတင်မဟုတ်ဘဲ အခြားအားလပ်ရက်ခရီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ သင်္ကြန်ရက်တွင်းမှာဆိုရင်တော့ အစစအရာရာ ဈေးကြီးနေတာကြောင့် အသုံးအဖြုန်းကြီးရင်တော့ သိသိသာသာကို သင့်ဘတ်ဂျက်ထိခိုက်ပါတယ်။

Photos & Source: GO BankingRates

Share

Loading Next Article...
က္က