လုပ်စရာရှိတာတွေ တစ်ခါတည်းပြတ်အောင် လုပ်ပြီးမှ ခရီးထွက်ပါ။ တို့လို့တန်းလန်းနဲ့ဆို အလုပ်လည်းမပြီး ခရီးလည်းမတွင် ဖြစ်ရပါလိမ့်မယ်။
 

အလုပ်နဲ့ပတ်သက်လာရင် တာဝန်ကျေသူ၊ အလုပ်ကြိုးစားသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်။ ဘယ်အချိန် ဘယ်နေရာရောက်ရောက် အလုပ်အကြောင်း ခေါင်းထဲမှာရှိပါတယ်။ လိုအပ်လာရင်လည်း အလုပ်အတွက် အချိန်ပိုဆင်းနိုင်သူပါ။ ဒါပေမဲ့ စိတ်နဲ့ကိုယ်အပန်းဖြေဖို့ အားလပ်ရက်မှာ ခရီးထွက်တဲ့အခါ အလုပ်ကိစ္စတွေ တောက်လျှောက်ပါနေတယ်ဆိုရင်တော့ စိတ်ညစ်ရတယ်လေ။ အားလပ်ရက်ခရီးမှာ အလုပ်ကို နောက်ဆံတင်းနေရလို့ မပျော်လိုက်ရဘူးဆိုရင် ဘယ်တန်ပါ့မလဲ။ ဒီလိုတွေ ပြင်ဆင်ထားပါ။

၁။ ကိုယ်မရှိရင် မဖြစ်ဘူးဆိုတဲ့စိတ်ကြီးက သင့်ကိုစိတ်ဖိစီးစေပါတယ်။ အလုပ်ကောင်းကောင်းလုပ်ဖို့ စိတ်ရောကိုယ်ပါ အနားယူရပါမယ်။ စိတ်ကူးကောင်းတွေရဖို့ စိတ်ကိုအနားပေးမှဖြစ်မယ်ဆိုတာ မမေ့ပါနဲ့။

၂။ အကန့်အသတ် စည်းမျဉ်းတွေ ကိုယ်တိုင်ချမှတ်ပါ။ အလုပ်နဲ့ဆက်နွှယ်နေတဲ့ ကိစ္စတွေကို ဘယ်လောက်ထိ လုပ်မယ်ဆိုတာ သတ်မှတ်ပါ။ အရင်လို ညဉ့်နက်သန်းခေါင်ထိ အလုပ်လုပ်တာမျိုး ၊ အီးမေးလ်စစ်ချိန်ကို ကန့်သတ်ထားတာမျိုး လုပ်သင့်ပါတယ်။ ခဏခဏ ဖုန်းထုတ်ကြည့်နေတာမျိုးဆိုလည်း ပျော်ရမှာမဟုတ်ဘူး။

 

၃။ လုပ်စရာရှိတာတွေ တစ်ခါတည်းပြတ်အောင် လုပ်ပြီးမှ ခရီးထွက်ပါ။ တို့လို့တန်းလန်းနဲ့ဆို အလုပ်လည်းမပြီး ခရီးလည်းမတွင် ဖြစ်ရပါလိမ့်မယ်။

၄။ ကိုယ့်အလုပ်တွေကို သေသေချာချာ လွှဲထားခဲ့ဖို့ လိုပါတယ်။ ကိုယ်က ခရီးထွက်မှာမို့လို့ အလုပ်ကိစ္စတွေ လုံးဝ (လုံးဝ) လှည့်ကြည့်မှာမဟုတ်ဘူးဆိုတာ သေသေချာချာ ပြောပြထားခဲ့ပါ။ ဖုန်းတွေလှမ်းဆက်၊ အီးမေးလ်တွေ အဆက်မပြတ်ပို့တာမျိုးတွေ မလုပ်ဖို့ ကျန်ခဲ့တဲ့လူတွေကို မှာထားပါ။

၅။ အစီအစဉ်မရှိဘဲ ခရီးမထွက်ပါနဲ့ဦး။ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ ကြိုတင်အကွက်ချ စီမံထားပါ။ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ လည်စရာပတ်စရာ စားသောက်အနားယူတာတွေ တစ်ခုပြီးတစ်ခုလုပ်ပါ။ လူကငြိမ်နေရင် ပျင်းလာပြီး အလုပ်ကိုအာရုံပြန်ရောက်သွားတာနဲ့ ခရီးထွက်လာတယ်ဆိုတာတောင် မေ့သွားရော။

 

၆။ ကိုယ်မရှိလည်း ကိုယ့်အလုပ်က ဘာမှဖြစ်မသွားဘူးဆိုတာ မမေ့ပါနဲ့။ ကိုယ်သေသွားရင် သူဌေးက ကိုယ့်လိုလူထပ်ရှာမှာ အသေအချာပါပဲ။ ကိုယ်ကသာ အလုပ်တွေပိပြီး မနားနိုင် မပျော်နိုင်နဲ့ ကျန်းမာရေးဆုတ်ယုတ်လာနိုင်ပါတယ်။

၇။ ခရီးထွက်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးထားပါ။ အလုပ်ကိစ္စနဲ့ လာတာမဟုတ်ဘဲ အနားယူဖို့လာတာမို့လို့ အနားယူရမယ်ဆိုတာပဲ ခေါင်းထဲထည့်ထားပါ။

Source : Metro

Share

Loading Next Article...
က္က