အာလူးပြုတ်တဲ့အခါ ရေထဲကိုဆားလေးနည်းနည်း ထည့်ပြုတ်ရင် လျှာမယားတော့ဘူး။
 

အာလူးကို ဟင်းအဖြစ်နဲ့ အမျိုးမျိုး ချက်ပြုတ်ပြင်ဆင်ပြီး စားလေ့ရှိပါတယ်။ ကြော်စားတာ၊ ချက်စားတာအပြင် အရသာမှုန့်နဲ့နယ်ပြီး ကင်စားရင်လည်း အရမ်းကောင်းပါတယ်။ စွပ်ပြုတ်အနေနဲ့လည်း လုပ်စားလို့ရသေးတယ်။ အာလူးကြော်ကတော့ အကြိုက်ဆံုံးပေါ့။ ကစီဓာတ်လည်းကြွယ်ဝတဲ့ အာလူးဟာ ထမင်းလျှော့စားလိုသူတွေအတွက် အဓိကရွေးချယ်စရာလည်း ဖြစ်ပါတယ်။ အာလူးကို ချက်ပြုတ်ရာမှာ လုပ်နေမိတဲ့အမှားတွေ ရှိပါတယ်။ ဒါတွေကိုသာ ပြင်ဆင်လိုက်မယ်ဆို အာလူးရဲ့အာဟာရဓာတ်ကို အပြည့်အဝ ရရှိမှာဖြစ်ကာ အရသာလည်းပိုကဲလာပါလိမ့်မယ်။

၁။ အာလူးထောင်း လုပ်စားမယ်ဆို စေးတဲ့အာလူးကိုရွေးပါ။ အာလူးပြုတ်တဲ့အခါ ရေထဲကိုဆားလေးနည်းနည်း ထည့်ပြုတ်ရင် ပိုစားကောင်းပါတယ်။

 

၂။ အလုံးလိုက်ကင်စားလို့လည်း အရသာရှိပါတယ်။ မိုက်ခရိုဝေ့ဗ်မီးဖိုထဲမှာ ထည့်ကင်မယ်ဆို အာလူးကိုရေစင်အောင်ဆေးပြီး အခွံကိုခြောက်အောင်သုတ်ပါ။ တကယ်လို့ အခွံက စိုနေရင် အာလူးကင်မဖြစ်ဘဲ အာလူးပေါင်းဖြစ်သွားပါလိမ့်မယ်။

၃။ အာလူးချောင်းကြော် ပြုလုပ်မယ်ဆို အာလူးကို ရေခဲရေထဲမှာ မိနစ် ၃၀ ကြာ နှစ်ကြိမ်လောက် စိမ်ပေးရပါမယ်။ ပြီးတော့မှ ခြောက်အောင်သုတ်ပြီး ကြော်ရပါတယ်။ ဒီအဆင့်က အရမ်းအရေးပါပါတယ်။ ဒါမှသာ ကြော်ရင် အာလူးတွေညိုမသွားမှာပါ။

 

၄။ အာလူးကို စွပ်ပြုတ်မှာထည့်ပြီးတော့လည်း ပြုတ်စားကြပါတယ်။ အာလူးစွပ်ပြုတ်လည်း လုပ်စားကြတယ်လေ။ အဲ့ဒီအခါမှာ အာလူးကို အိုးထဲကိုစောစောထည့်ထားတာမျိုး မလုပ်ပါနဲ့။ စွပ်ပြုတ်ဆိုတာမျိုးက မီးအေးအေးနဲ့ အချိန်ကြာကြာချက်မှအရသာရှိတာလေ။ အာလူးကို စောစောထည့်ထားရင် ပျော့ပြဲသွားနိုင်ပါတယ်။ မီးပေါ်ကချခါနီး တစ်နာရီလောက်အလိုမှ အာလူးတွေကိုထည့်ပါ။ နူးလည်းနူး၊ ပုံစံလည်းမပျက်တော့ဘူး။

Source : Mash

Share

Loading Next Article...
က္က