အရောင်တွေအလိုက် ထူးခြားတဲ့ ကွာခြားမှုတွေ ရှိနေတယ်ဆိုတာကတော့ သင် သိချင်မှသိဦးမှာပါ။

ပန်းငြုပ်ပွတွေကို အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်စားသောက်ကြတယ်။ ဒါမှမဟုတ်လည်း ဟင်းလျာကို ပိုမိုလှပသွားအောင် ဖြည့်စွက်တန်ဆာတဲ့အခါ အသုံးပြုကြပါတယ်။ ပန်းငြုပ်ပွတွေမှာ အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ဆိုပြီး အရောင်လေးမျိုး တွေ့နိုင်ပါတယ်။ ပန်းငြုပ်ပွတွေဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် C လည်း ပါဝင်ကြပါတယ်။ သို့ပေမဲ့လည်း အရောင်တွေအလိုက် ထူးခြားတဲ့ ကွာခြားမှုတွေ ရှိနေတယ်ဆိုတာကတော့ သင် သိချင်မှသိဦးမှာပါ။

 

၁။ အစိမ်းရောင်က ဘာလို့ဈေးသက်သာတာလဲ?

ဘယ်ဈေးမှာပဲဝယ်ဝယ် ပန်းငြုပ်ပွတွေထဲမှာ အစိမ်းရောင်ပန်းငြုပ်ပွက ဈေးအသက်သာဆုံးပါပဲ။ တကယ်တော့ သူတို့က စောစောစီးစီး ခူးထားလို့သာ စိမ်းနေတာပါ။ မမှည့်သေးတော့ အရသာလည်း မပြည့်စုံသေးဘူးလေ။

 

၂။ အာဟာရအရှိဆုံးက ...

ပန်းငြုပ်ပွတွေ အကုန်လုံးက ဗီတာမင် A ရော C ပါ ကြွယ်ဝစွာ ပါဝင်ပါတယ်။ Livestrong.com ကတော့ အစိမ်းရောင်ငြုပ်ပွနဲ့ယှဉ်ရင် အနီရောင်ပန်းငြုပ်ပွဟာ ကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေ ၁၁ ဆ ပိုမိုပါဝင်တယ်လု့ိ ဆိုပါတယ်။ အဝါရောင်ပန်းငြုပ်ပွတွေကတော့ ဗီတာမင် C ပိုမိုပါဝင်ပါသတဲ့။

 

၃။ အရောင်တွေ ကွာခြားရတာ ဘာကြောင့်?

အပေါ်မှာ ရေးခဲ့သလိုပါပဲ။ အစိမ်းရောင်ဆိုတာ မမှည့်သေးတဲ့ အနေအထားမို့ စိမ်းနေတာပါ။ အစိမ်းရောင်ကနေမှ အနီရောင်၊ လိမ္မော်ရောင် သို့မဟုတ် အဝါရောင်အဖြစ် မှည့်သွားကြတာ ဖြစ်ပါတယ်။ ဘယ်ငြုပ်ပွမဆို မမှည့်ခင်က စိမ်းနေလို့ဖြစ်ပါတယ်။ မမှည့်သေးတဲ့ ငြုပ်ပွက စားရင် နည်းနည်းလေး ပိုခါးပါတယ်။

Source : Huffpost

Share

Loading Next Article...
က္က