အချိန်မရွေး ထုတ်စားနိုင်တဲ့ သန့်ရှင်းတဲ့သောက်ရေသန့်လည်း ဖြစ်ပါတယ်။
 

ရေကို ဝါးစားလို့ရတယ်ပြောရင် ဘယ်သူကမှ ယုံမယ်မထင်ပါဘူး။ ခုတော့ ရေပုလင်းတစ်ခုလုံးကိုပါ ဝါးစားချင်ရင် ရနေပါပြီ။ သယ်ရတာလည်း လွယ်ကူပြီး အချိန်မရွေး ထုတ်စားနိုင်တဲ့ သန့်ရှင်းတဲ့သောက်ရေသန့်လည်း ဖြစ်ပါတယ်။

 

Skipping Rocks Lab ကနေ တီထွင်ထုတ်လုပ်လိုက်တဲ့ ရေပုလင်းလေးတွေဟာ ကြည်လင်တဲ့ပုတီးစေ့လေးတွေနဲ့ တူပါတယ်။ ပင်လယ်ရေညှိတစ်မျိုးကို အခြေခံထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ရေသောက်လိုတဲ့အခါမှာ ရေလုံးလေးတွေရဲ့အပေါ်ယံက အခွံပါးလေးကိုခွာပြီးရင် ဝါးစားလိုက်ရုံပါပဲ။

 

Ooho အမည်နဲ့ ထွက်ရှိလာတဲ့ ရေလုံးလေးတွေဟာ ပွဲတော်တွေ၊ အပြေးပြိုင်ပွဲတွေနဲ့ ခမ်းမမဟုတ်တဲ့ အပြင်ဘက်မှာ ပြုလုပ်တဲ့ ပွဲတွေမှာ အသုံးပြုသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ မလိုအပ်ဘဲ ရေပြုန်းတီးရာလည်း မရောက်အောင်နဲ့ လိုအပ်တဲ့အချိန်မှာ ရေဓာတ်ရရှိနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ Ooho ရေလုံးလေးတွေကို လာမယ့် ၁၂ လ အတွင်း မာရသွန်ပွဲတွေမှာ စတင် ပေးဝေတော့မှာပါ။

Source : BGR

Share

Loading Next Article...
က္က