တစ်ညအိပ်ခရီးပဲသွားသွား၊ ခရီးရှည်ပဲထွက်ထွက် ဒါလေးတွေက အသုံးတည့်လိမ့်မယ်။

မကြာခဏ ခရီးထွက်လေ့ရှိသူတွေနဲ့ ခရီးထွက်ရတာ ဝါသနာပါသူတွေအတွက် အသုံးတည့်မယ့် လျှို့ဝှက်ချက်လေးတွေကို ပြောပြမယ်ဆိုရင် စိတ်ဝင်စားရဲ့လား? ခရီးထွက်ခါနီး ဘာတွေသယ်ရမယ်၊ ဘယ်လိုပြင်ဆင်ရမယ် ဆိုတာတွေကတော့ မကြာခဏ ခရီးထွက်တဲ့သူတွေဆိုရင် အထွေအထူးတောင် ပြောနေစရာ မလိုတော့ပါဘူး။ သွားနေကြဆိုတော့ ကောင်းကောင်းကြီး ပြင်ဆင်နေတတ်ပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဒါလေးတွေကို သိထားရင်တော့ ပိုပြီး အသုံးဝင်ပါဦးမယ်။

 

၁။ Laptop ကို သိမ်းမယ်ဆို

သီးသန့် အိတ်တစ်လုံးနဲ့ လပ်ပ်တော့ကွန်ပျူတာကို သယ်မယ်ဆို ဝန်ပိုများတာအမှန်ပဲ။ အဝတ်အစားအိတ်ထဲကို ထည့်ပြီးသယ်ပါ။ ခရီးသွားတိုင်း ခေါင်းစွပ်အနွေးထည်တစ်ထည်ကို သယ်နေရတာပဲဆိုတော့ အနွေးထည်ထဲမှာ လပ်ပ်တော့ကိုထည့်ပတ်ပြီး ခေါင်းစွပ်နဲ့အုပ်ကာ သယ်သွားလို့ရပါတယ်။

၂။ လျှို့ဝှက်ပိုက်ဆံ

ပိုက်ဆံတွေကို နေရာခွဲပြီးထားတာ ကောင်းပါတယ်။ အခန့်မသင့်လို့ ပိုက်ဆံထည့်ထားတဲ့အိတ် ပျောက်သွားရင် ကိုယ်ပဲ ဒုက္ခရောက်မှာလေ။ နောက်ပြီး အရေးပေါ်ပိုက်ဆံကို ကိုယ်ပဲသိမယ့် လျှို့ဝှက်နေရာလေးမှာ သိုသိုသိပ်သိပ်သိမ်းထားပါ။ ဥပမာပြောရရင်တော့ နှုတ်ခမ်းနီဘူးအလွတ်ထဲမှာ သိမ်းတာမျိုးဖြစ်ပါတယ်။

 

၃။ ဖိနပ်

ခရီးသွားရင် ဖိနပ်ပိုတစ်ရံလောက်တော့ ဆောင်မှ အဆင်ပြေပါတယ်။ ရှိုးထုတ်ချင်ရုံ သက်သက်တင် မဟုတ်ပါဘူး။ လိုအပ်တဲ့အခါ ဖိနပ်ကို ပြောင်းစီးရမယ့် အခြေအနေ ရှိလို့ပါ။ သုံးပြီးသား ခေါင်းစွပ်ဟောင်းထဲမှာ ဖိနပ်တစ်ရံလုံးကို အတူတူထည့်ထားမယ်ဆို ဖိနပ်က ပုံစံမပျက် ရှိနေပါလိမ့်မယ်။

၄။ အဝတ်အစားကို နေရာနည်းနည်းနဲ့များများသယ်ချင်ရင်

အဝတ်အစားများများ သယ်ချင်တဲ့အခါ အိတ်ထဲကို ခေါက်ပြီး အထပ်လိုက်မထည့်ပါနဲ့။ ခေါက်ပြီးသားကိုမှ လိပ်ပြီးသယ်မယ်ဆို အိတ်ထဲမှာ များများဆံ့ပါတယ်။

 

၅။ ကားပေါ်မှာ ဖုန်းနဲ့ဇာတ်ကားကြည့်မလား

အဝေးပြေးကား စီးနေရချိန် မကြည့်ချင်တဲ့ဇာတ်ကားတွေ ပြနေတော့ ကိုယ့်ဖုန်းကိုယ်ထုတ်ပြီး ကြည့်ချင်တဲ့ဇာတ်ကားကို ကြည့်မယ်ဆို ဇစ်ပါတဲ့ အိတ်တစ်လုံးသယ်သွားပါ။ အိတ်ထဲကိုဖုန်းထည့်၊ နားကြပ်တပ်ပြီး ရှေ့ထိုင်ခုံနောက်ကျောမှာ ချိတ်ထားလိုက်ရင် ကိုယ့်အတွက် သီးသန့်တီဗီလေး ဖြစ်သွားရော။

Source : Dave Hax

Share

Loading Next Article...
က္က