စဉ့်တီတုံးမှာ ငါးညှီနံ့စွဲနေတာကို ပျောက်ချင်ရင် သံပရာသီးနဲ့ ပွတ်တိုက်ပေးပါ။
 

ငါးဟင်း၊ ငါးကြော်၊ ငါးကင် စသဖြင့် ဘယ်လိုပဲလုပ်လုပ် စားလို့ကတော့ ကောင်းပြီးသားပဲ။ ငါးစားခြင်းက အာဟာရလည်းရှိစေပြီး လူကို အားဖြစ်စေတယ်လေ။ ပြဿနာကတော့ ငါးကို ကိုင်ဖို့အတွက် ခက်တာပါပဲ။ ငါးအနံ့ကလည်း ညှီသေးတာကိုး။ အရေခွံခွာ၊ အရိုးထွင်၊ အသားကိုတုံးရတာ တော်တော်စိတ်ညစ်ရတယ်ဆိုသူတွေအတွက် ဒီနည်းအတိုင်းလုပ်ပါလို့...။

 

ငါးကထွက်တဲ့သွေးညှီနံ့ကို မခံံနိုင်ဘူးဆိုရင် ငါးကိုရေခဲထဲမှာ အေးခဲထားလိုက်ပါ၊ ကိုင်တော့မယ်ဆိုရင် ရေတွေသုတ်ပြီးကိုင်တော့ ချောမနေတော့ဘူး။ ငါးအကောင်လိုက်ကို ကြေးခွံခွာမယ်ဆို အမြီးကို လက်တစ်ဖက်ကကိုင်ပြီး ခေါင်းဘက်ကို ဓားနဲ့ ကန့်လန့်တိုက်ဆွဲပေးရုံပါပဲ။ ဒါကတော့ သိပြီးသားဖြစ်မှာပါ။ ကြေးခွံမလိုချင်ဘူး အသားပဲလိုချင်တယ်ဆိုရင်တော့ အသားတုံးချည်းသက်သက် ရလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာပါ ဆက်ပြောပါ့မယ်။

 

ဓားကထက်နေဖို့ အရေးကြီးတယ်နော်။ တုံးနေတဲ့ဓားက ငါးကိုင်လို့မကောင်းသလို အခန့်မသင့်ရင် လက်ကိုထိသွားနိုင်တယ်။ ပါးပြီးထက်တဲ့ ခပ်ကွေးကွေးဓားကို ရွေးပါ။ ငါးရဲ့ပါးဟက်အနောက်ကနေ ပါးဟက်အရာအတိုင်း ခပ်ကွေးကွေးလှီးလိုက်ပါ။ ကျောရိုးကိုရှောင်ပြီး အသားကိုယူဖို့အတွက် ဂုတ်ကနေအမြီးထိ ဓားနဲ့ထိုးသွင်းပြီး ဆွဲချလိုက်ပါ။ အရိုးတွေရှိနေတော့ ဖြည်းဖြည်းချင်း ဆွဲယူသွားရပါမယ်။ ငါးအသားပြားကိုယူဖို့ ကန့်လန့်ဖြတ်လှီးနေတာမို့လို့ ဗိုက်အထိကို ဖြည်းဖြည်းချင်းပဲ လှီးထုတ်လိုက်ရပါမယ်။ အရေခွံကို ခွာချင်ရင်တော့ ငါးအသားပြားကို အမြီးကနေကိုင်ပြီး အပေါ်ဘက်ကို ဆွဲသွားလိုက်ရုံပါပဲ။ ဒါဆိုရင် အသားချည်းပဲ ရသွားပြီလေ။ နောက်ဆို ငါးကိုင်ရင် ဒီ့ထက်ပိုမြန်မြန်နဲ့ အဆင်ပြေပြေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Source : FishingNetNZ

Share

Loading Next Article...
က္က