"အသီးမှာ သရက်၊ အသားမှာ ဝက်" တဲ့ ....

ဝက်သားကြိုက်တဲ့သူတွေကို မေးကြည့်ပါဦးမယ်။ ဝက်သားမှာ ဘာကိုအကြိုက်ဆုံးလဲလို့။ အခေါက်လား၊ အသားလား ဒါမှမဟုတ် နံရိုးလား? အဆီတစ်ထပ် အသားတစ်ထပ်နဲ့ သုံးထပ်သားကတော့ ဝက်သားရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ ဆိုရမယ်နော်။ သုံးထပ်သားစားရတာလောက် ကောင်းတာ ရှိပါဦးမလားလို့တောင် ထင်မိတယ်။ သုံးထပ်သားမှ သုံးထပ်သား ကြိုက်နှစ်သက်သူတွေအနေနဲ့ သုံးထပ်သားကို အမျိုးမျိုးလုပ်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်။

 

၁။ စပါဂတီ

စပါဂတီကြိုက်တယ်ဆိုရင်တော့ ဝက်သားနဲ့လုပ်တဲ့ carbonara spahgetti လုပ်စားဖို့ အကြံပေးပါတယ်။ ဝက်သုံးထပ်သား ၊ မှို ၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ နုပ်နုပ်စင်းထားတဲ့ ကြက်သွန်နီ၊ နံနံပင် ၊ ကြက်ဥ၊ ငြုပ်ကောင်းမှုန့်၊ ချိစ်ခရင်မ်နဲ့ ဆီတို့ပဲ လိုပါတယ်။

 

၂။ ကင်စားမယ်

မနက်စာကို အာဟာရရှိရှိ စားဖို့အတွက် သုံးထပ်သားကင်စားတာလည်း မဆိုးလှတဲ့စိတ်ကူးပါ။ သုံးထပ်သားကို သကြားအညိုနဲ့ရောပြီး Oven ထဲမှာ မိနစ် ၂၀ ကြာ ထားလိုက်ရုံပဲ။ ချိုအီဆိမ့်တဲ့ အရသာက စိတ်ခံစားချက်ကို တကယ်ကောင်းစေတယ်။

 

၃။ Hot Dog

ကြက်အူချောင်း/ဝက်အူချောင်းကို မထည့်ဘဲ ကင်ထားပြီးသား သုံးထပ်သားကိုထည့်စားကြည့်ပါဦး။

 

၄။ ဟင်းသီးဟင်းရွက်တွေနဲ့ ဘာဘီကျူ

တံစို့မှာ ဟင်းသီးဟင်းရွက်တွေနဲ့ ရောထိုးပြီး ကင်စားရင်လည်း အရသာရှိပါတယ်။ ပန်းငရုတ်ပွ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ရဲ့ ရောပြီး မီးကင်စားတာက လူစုံတဲ့အချိန်တွေမှာ လုပ်စားဖို့ကောင်းပါတယ်။

Source & Photo : E How

Share

Loading Next Article...
က္က