ဧည့်ခန်းဆောင်တွေဟာလည်း သန့်ရှင်းသပ်ရပ်တာကို တွေ့ရပါတယ်။
 

ပုပ္ပါးတောင်ဘုရားဖူးဧည့်သည်တွေအနေနဲ့ ယောဂီ ဦးပြည့်စုံ(ခေါ်) အဘ အောင်မင်းခေါင်ရိပ်သာမှာ သဒ္ဒါသလောက် အလှူငွေထည့်ပြီး တည်းခိုနိုင်တယ်လို့ သိရပါတယ်။



ပုပ္ပါးတောင်ခြေရှိ အောင်သိဒ္ဓိကုန်း ဘိုးတော်အောင်မင်းခေါင်ကျောင်းတိုက်မှာ ဘုးရားဖူးဧည့်သည်တွေ တည်းခိုနိုင်တာဖြစ်ပြီး ဧည့်ဆောင်တွေဟာလည်း သန့်ရှင်းသပ်ရပ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - မကြာခဏ ခရီးထွက်နေသူတွေအတွက် အသုံးတည့်မယ့်လျှို့ဝှက်ချက် (၅) ခု)

 

ပုပ္ပါးဒေသ၏အထင်ကရပွဲတခုဖြစ်တဲ့ ဘိုးတော် အောင်မင်းခေါင်ထွက်ပွဲကို နှစ်စဉ်တော်သလင်းလပြည့်(၂) နေ့မှစပြီး (၅) ရက်တိုင်တိုင် ကျင်းပလေ့ရှိကာ အဆိုပါကာလတွေမှာ ဘုရာဖူးအများအပြား လာရောက်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလိုတည်းခိုနိုင်တာကြောင့် စကားဝါမြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ ပုပ္ပားတောင်ကို ငွေကုန်ကြေးကျ သက်သာစွာ ခရီးသွားနိုင်မှာလည်း ဖြစ်ပါတယ်။

ပုပ္ပားတောင်ဒေသဟာ ရှေးကနေ ယခုအချိန်ထိ ပတ်ဝန်းကျင်သာယာသေးပြီး  လူနေကျဲပါးကာ သဘာဝ တောတောင် ရေမြေတို့နဲ့ ထိတွေ့နိုင်တာလည်း ဖြစ်ပါတယ်။ဒဏ္ဍာရီသမိုင်းများစွာ ရှိရာ နေရာတွေလည်း ဖြစ်ပါတယ်။

Photos & Source: News Watch


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က