လွယ်လွယ်လေးမှ လွယ်လွယ်လေး.....

ချက်ပြုတ်တာတွေကို ခဏနားပြီး စားစရာလေးတွေနဲ့ အလှဆင်တဲ့ဘက်ကို အာရုံပြောင်းရအောင်လေ။ ငှက်ပျောသီးကို အရုပ်လေးလုပ်ကြမလား? ချစ်စရာကောင်းတဲ့ ဘဲရုပ်ကားလေးလုပ်ရတာ ဘယ်လောက်မှလည်း အချိန်မပေးရပါဘူး။

 

ငှက်ပျောသီးတစ်လုံးကို အခိုင်ကနေဖြတ်တဲ့အခါ အညှာပါအောင် ဖြတ်ယူထားဖို့တော့ လိုပါတယ်။ ဘဲလေးကို သွားလို့ရအောင် ဘီးလေးလည်း တပ်ပေးဦးမယ်။ ဒီတော့ ဘီးလုပ်ဖို့ မုန်လာဥနီတစ်လုံးလည်း လိုတာပေါ့။ ဘီးရဲ့ဝင်ရိုးအဖြစ် သွားကြားထိုးတံနဲ့ ငြုပ်ကောင်းအစေ့လေး နှစ်စေ့လည်း လိုပါတယ်။ မုန်လာဥနီကိုတော့ ဒေါင်လိုက် အမြှောင်းလေးတွေ ဖော်ထားပါ။

 

ငှက်ပျောသီးအညှာကို ဘဲနှုတ်သီးလေးဖြစ်အောင် ဓားလေးနဲ့လှီးပါ။ မုန်လာဥနီကို တြိဂံတုံးလေးအသွင် လှီးပြီးရင် သွားကြားထိုးတံလေးကို နည်းနည်းချိုးပြီး ငှက်ပျောသီးအညှာနဲ့ ဆက်လိုက်တော့ ဘဲခေါင်းနဲ့နှုတ်သီးလေး ရပြီပေါ့။ မျက်လုံးနေရာမှာ ငြုပ်ကောင်းစေ့လေးတွေကို မြှုပ်ထားလိုက်မယ်လေ။

ဘီးလေးတပ်ဖို့က လွယ်လွယ်လေး။ အမြှောင်းဖော်ထားတဲ့ မုန်လာဥနီကို ခပ်ထူထူလေး ၄ ကွင်း လှီးလိုက်၊ ဘီးနဲ့ပိုတူသွားဖို့ အမြှောင်းလေးတွေဖော်ရင် ပိုလှပါတယ်။

 

သွားကြားထိုးတံလေးကိုသုံးပြီး ငှက်ပျောသီးကိုယ်လုံးမှာ မုန်လာဥနီကွင်းလေးတွေကို တွဲပေးလိုက်ရင် ဘီးလေးရပြီလေ။ ချစ်ဖို့ကောင်းတယ်ဟုတ် ?

Source : How to make yummy

Share

Loading Next Article...
က္က