ယုန်ချစ်တဲ့လူတွေက တကူးတက သွားလည်ကြတယ်။

ဖူဂျီတောင်နဲ့ ဆာကူရာပန်းတွေက ဂျပန်နိုင်ငံနဲ့တွဲဖက်ပြီး မြင်ယောင်လေ့ရှိတဲ့ အထိမ်းအမှတ်တွေပါ။ ဂျပန်နိုင်ငံဟာ ကျွန်းစုငယ်လေးတွေ များစွာပါဝင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ တချို့ကျွန်းလေးတွေဟာ လူသူအရောက်အပေါက်နည်းသလို အချို့ကျွန်းတွေကတော့ သေးငယ်ပေမဲ့ ခရီးသွားတွေ တကူးတက သွားရောက်လည်ပတ်ကြပါတယ်။

 

၁။ ကြောင်ကျွန်း

ဒီကျွန်းမှာ နေထိုင်ကြတဲ့ လူအရေအတွက်ထက် ကြောင်အရေအတွက်က ပိုများသတဲ့။ နေထိုင်တဲ့သူတွေကလည်း ကြောင်တွေကိုကျွေးမွေးခြင်းဟာ ချမ်းသာသုခကိုဖြစ်စေပြီး ကံကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်။ ကြောင်ပုံစံနတ်ကွန်းလေးတစ်ခုလည်း ရှိပါတယ်။ ဒါပေမဲ့ ခွေးတွေကို ခေါ်သွားလို့တော့ မရပါဘူး။

 

၂။ မီးတောင်ကျွန်း

ဒီကျွန်းလေးရဲ့အမည်က Aogashima လို့ အမည်ရပါတယ်။ တစ်ချိန်တုန်းက ကျွန်းမှာ မီးတောင်တစ်ခုရှိခဲ့ပြီး မီးတောင်သေသွားပြီးနောက်မှာ စိမ်းစိုတဲ့ကျွန်းအဖြစ် တည်ရှိနေပါတယ်။ တိုကျိုမြို့နဲ့ ၂၂၀ မိုင်အကွာမှာ တည်ရှိပါတယ်။ ၂၀၁၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၇၀ သာ နေထိုင်ကြပါသတဲ့။

၃။ ကာရစ်ဘီးယန်းအလား

ကာရစ်ဘီးယန်းကျွန်းတွေကို ရောက်သွားတယ်လို့တောင် ထင်ရပါတယ်။။ ဖြူဖွေးတဲ့သဲ ပြာလဲ့ကြည်လင်တဲ့ရေပြင်က သိပ်ကိုလှပပါတယ်။ ကျွန်းအမည်က Yaeyama လို့ အမည်ရပြီး ဂျပန်ရဲ့ ကာရစ်ဘီးယန်းလို့ တင်စားမယ်ဆိုလည်း မမှားပါဘူး။ သန္တာကျောက်တန်းတွေ၊ လင်းပိုင်တွေ၊ လိပ်တွေ၊ ငါးမန်းတွေလို အဏ္ဏဝါသတ္တဝါတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။

 

၄။ ယုန်ကျွန်း

Okunoshima ကျွန်းကလည်း ကြောင်ကျွန်းလိုပါပဲ။ လူတွေထက် ယုန်တွေပိုများတဲ့ ကျွန်းငယ်လေးတစ်ခုပါ။ ယုန်ချစ်တဲ့လူတွေ မကြာခဏ သွားရောက်လည်ပတ်ကြပါတယ်။ အချို့တွေကတော့ ဒီယုန်တွေဟာ ကျွန်းပေါ်ကို ဒုတိယကမ္ဘာစစ်ကတည်းက စတင်ရောက်ရှိလာပြီး မျိုးပွားပျံ့နှံ့လာတယ်လို့ ဆိုကြပါတယ်။

Source & Photo : Telegraph


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က