သာမာန် ကော်ဖီပန်းချီထက် ပိုထူးခြားတာကတော့ အရောင်တွေပါ။

ကော်ဖီကြိုက်သူတွေဆိုတာ နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ရှိနေကြတယ်မဟုတ်လား။ ဆိုင်ကိုရောက်ရင် ကော်ဖီဖျော်သူက ကော်ဖီလေးတွေကို ပန်းချီလေးတွေနဲ့ ပုံဖော်တာကိုလည်း စပ်စုဖူးသူတွေ ရှိမယ်ထင်ပါတယ်။


 

အထူးသဖြင့် လတ်တေးကော်ဖီ (latte) ဆိုရင် ပုံလှလှလေးတွေနဲ့ အနုပညာဆန်ဆန် တွေ့ရလေ့ရှိတယ်။ ကိုရီးယားက ကော်ဖီအနုပညာရှင်တစ်ဦးရဲ့ လက်ရာတွေဟာ အင်စတာဂရမ်ပေါ်မှာ လူတွေစိတ်ဝင်စားခြင်းကိုခံနေရပါတယ်။

 

လီကန်ဘင်းအမည်ရှိ ကိုရီးယား ကော်ဖီအနုပညာရှင်ဟာ လတ်တေးကော်ဖီခွက်လေးတွေပေါ်မှာ ပန်းချီတွေရေးဆွဲပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့လက်ရာတွေက အံ့မခန်းပါပဲ။ ကန်ဘင်းရဲ့လက်ရာတွေကို အင်စတာဂရမ်က သူ့ရဲ့အကောင့်မှာ ဝင်ကြည့်လို့ရပါတယ်။

Disney ဇာတ်ကောင်တွေကအစ ပန်းပွင့်တွေ၊ နာမည်ကျော်ပန်းချီကားတွေအထိ အများကြီးပါပဲ။ ကန်ဘင်းရဲ့ကော်ဖီပန်းချီတွေမှာ အရောင်စုံထည့်သွင်းထားလို့ မျက်စိပသာဒဖြစ်ရပါတယ်။ ဖောင်းကြွနေတဲ့ ပုံစံလေးတွေဖြစ်အောင် Cremart လို့ ခေါ်တဲ့ နည်းလမ်းကို သုံးတယ်လို့ သူကဆိုပါတယ်။

Source : KangbinLee Instagram


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က