မိုးအေးအေးလေးနဲ့သောက်ရင် ရှယ်ပဲ....
 

အိုင်းရစ်ကော်ဖီ (Irish Coffee) ဟာ ကော်ဖီသမားရော အသောက်သမားတွေပါ သဘောကျကြတဲ့ ကော်ဖီတစ်မျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီအရသာပြင်းပြင်းကိုမှ အိုင်းရစ်ဝီစကီလေးနဲ့ရောပြီး ခရင်မ်လေးတွေနဲ့ဖျော်ထားကိုး။ သောက်ရတာ စိတ်ကျေနပ်မှုအပြည့်အဝရတဲ့ ကော်ဖီမျိုးပဲပေါ့။



 

အိုင်းရစ်ကော်ဖီကို အပူပဲသောက်ဖူးတယ်ဆိုရင် အိုင်းရစ်ကော်ဖီအေးလည်း စမ်းသပ်သောက်ကြည့်ပါဦး။ Frozen Irish Coffee အနေနဲ့ ပြုလုပ်ပြီး မြည်းစမ်းကြည့်ချင်သူတွေအတွက် ပြုလုပ်နည်းကို ဖော်ပြလိုက်ပါတယ်။ လိုအပ်တာတွေက ကော်ဖီ ၊ ခရင်မ်အချို၊ ချောကလက်ရည်နဲ့ ဝီစကီတစ်ပက်တို့ လိုအပ်ပါတယ်။ အချိုကြိုက်ရင်တော့ သကြားအညိုကို ထည့်နိုင်ပါတယ်။

 

ကော်ဖီတွေကို ရေခဲသေတ္တာထဲမှာ အခဲလေးတွေဖြစ်အောင် အေးခဲထားလိုက်ပါ။ ခရင်မ်ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။ နောက်ထပ် ခရင်မ်နည်းနည်းနဲ့ သကြားကို (အချိုကြိုက်ပါက)လည်း ကြေညက်သွားအောင် မွှေထားပါ။ ရေခဲသေတ္တထာထဲမှာထည့်ထားတဲ့ ကော်ဖီနဲ့ခရင်မ်တွေ ခဲသွားပြီဆိုရင် ပြန်ထုတ်ပြီး Blender ထဲမှာ ကော်ဖီတုံး၊ ခရင်မ်တုံးလေးတွေနဲ့ အရည်အဖြစ်ပြုလုပ်ထားတဲ့ ချောကလက်ကို ရောထည့်ပါ။ တစ်ခွက်စာအတွက်ဆိုရင် ဝီစကီတစ်ပက်ထည့်ပြီး မွှေပေးရပါမယ်။ ကြေအောင်မွှေပေးထားတဲ့ ခရင်မ်ကိုတော့ အပေါ်ကနေထပ်ဖြည့်ပြီး သောက်ရမှာ ဖြစ်ပါတယ်။ တမူထူးခြားတဲ့ အရသာသစ်ကို ခံစားရပါလိမ့်မယ်။

Source : Tasty


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က