ထမင်းကြော်နဲ့အတူ ကြက်ဟင်းခါးသီးကြော်ကိုလည်း တွဲစားကြပါသတဲ့။
 

မနက်စာဟာ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ အရေးပါတဲ့ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။ ကျန်းမာရေးနဲ့လျော်ညီပြီး အာဟာရရှိတဲ့မနက်စာကို စားထားမယ်ဆိုရင် ခွန်အားရှိပြီး အလုပ်ကို ကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ မနက်စာကို မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ထမင်းကြော်တို့ကို အဓိက စားသုံးကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာရော မနက်စာကို ဘာတွေအဓိကစားကြသလဲဆိုတာ မသိချင်ဘူးလား?


၁။ ဖိလစ်ပိုင်

 

မနက်စာ ဘာစားသလဲလို့ ဖိလစ်ပိုင်တစ်ယောက်လောက်ကို မေးကြည့်ပါ။ သူကတော့ ထမင်းကြော်နဲ့ ငါးခြောက်ကြော်လို့ ဖြေပါလိမ့်မယ်။ တူယိုလို့ခေါ်တဲ့ ငါးကိုအခြောက်လှမ်းပြီး ကြော်ထားတာရယ်၊ ကြက်ဥကြော်ရယ်နဲ့ ထမင်းကြော်ကိုတွဲစားကြပါတယ်။ ကြက်ဟင်းခါးသီးကိုလည်း နှစ်သက်ကြသူတွေမို့ ထမင်းကြော်နဲ့အတူ ကြက်ဟင်းခါးသီးကြော်ကိုလည်း တွဲစားကြပါသတဲ့။ ကြက်ဟင်းခါးသီးက ဆေးဘက်ဝင်တယ်လေ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ခါးဆိမ့်မွှေးတဲ့ အိုင်းရစ်ကော်ဖီအေး)

၂။ အိန္ဒိယ

အိန္ဒိယနိုင်ငံမှာဆိုရင်တော့ တစ်နေ့တာကို အာဟာရဖြစ်တဲ့မနက်စာနဲ့ စတင်ကြတယ်။ ထမင်း၊ ပူစပ်တဲ့ဟင်းခတ်တွေနဲ့ချက်ထားတဲ့ သီးနှံဟင်းမှာ အာလူး၊ ထောပတ်၊ အုန်းနို့တို့ပါဝင်ပါတယ်။ ဟင်းခတ် အမွှေးအကြိုင်တွေကိုလည်း ခပ်များများသုံးလေ့ရှိပါတယ်။

၃။ ဗီယက်နမ်

 

ကျန်းမာရေးအတွက် သင့်လျော်ပြီး အာဟာရဖြစ်စေတဲ့ မနက်စာကိုစားသုံးကြတဲ့ နိုင်ငံတွေထဲမှာ ဗီယက်နမ်လည်း ပါဝင်ပါတယ်။ သူတို့အတွက်တော့ မနက်စာဟာ အရေးကြီးပါသတဲ့။ မနက်စာကိုလည်း စောစောစားကြသူတွေပါ။ ဗီယက်နမ်တွေရဲ့ မနက်စာက Pho ဆိုတဲ့ ခေါက်ဆွဲပြုတ်ဖြစ်ပါတယ်။ ဆန်ပြားခေါက်ဆွဲကိုမှ အရိုးပြုတ်ရည်နဲ့ပြုတ်ထားတာဖြစ်ပြီး သစ်ကြံပိုးခေါက်၊ လေးညှင်း၊ စမုန်နက်တို့နဲ့ ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ပူစီနံ၊ ပင်စိမ်း၊ ပဲညွှန့်နဲ့ ငရုတ်သီးလေးတွေထည့်ပြီးတော့ စားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က