အရသာရှိရှိ အမုန်းဆွဲနိုင်ကြပါစေ...

ဆူရှီကြိုက်တဲ့လူဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်။ အာဟာရလည်းရှိ လတ်လတ်ဆတ်ဆတ်လည်းစားရတဲ့ ဆူရှီရဲ့အရသာဟာ အရမ်းကိုခံတွင်းတွေ့စရာပဲလေ။ ဆူရှီစားတဲ့အခါကျရင် သူ့အစီအစဉ်လေးနဲ့ တစ်မျိုးပြီးတစ်မျိုး စားသွားတာက ပိုပြီးအရသာရှိတယ်ဆိုတာရော သိပါသလား။

 

ဆူရှီဆိုတာမျိုးကလေ ဆော့စ်ထဲကို နှစ်ပြီးတို့စားတဲ့အခါ ငါးကိုပဲဆော့စ်နဲ့တို့ရတာပါ။ ထမင်းရှိတဲ့ဘက်ကို ဆော့စ်နဲ့တို့ရင် အရသာသိပ်မကောင်းပါဘူး။ ပြီးတော့ တွေ့ရာဆူရှီပွဲတွေကို နှိုက်စားလိုက်တာထက် တစ်မျိုးပြီးတစ်မျိုး အစီအစဉ်တိုင်း စားမယ်ဆို ပိုအရသာရှိပါတယ်။ ဆူရှီစားမယ်ဆိုရင် အဓိကအချက်က အရသာပေါ့တာတွေကို အရင်စားပြီး အရသာပြင်းတာတွေကို နောက်မှစားရတာပါ။ ဒီလိုဆိုဆိုရင် အရသာက ပိုပေါ်လွင်ပြီး ပိုစားကောင်းတယ်လို့ ခံစားရလိမ့်မယ်။

 

ပထမဆုံး စားသင့်တာက အဖြူရောင်ငါး၊ ငွေဖြူရောင်ငါး၊ အနီရောင်ငါးဆူရှီတို့ကို အရင်စားပါ။ သူတို့ရဲ့အရသာက ခပ်ပေါ့ပေါ့ရှိပါတယ်။ နောက်တော့မှ ပိုပြီးအရသာကဲတဲ့ ဆူရှီတွေကို ဆက်ဆွဲမယ်။ ဘာတွေလဲဆိုတော့ ဆယ်လ်မွန်နဲ့လုပ်ထားတဲ့ ဆူရှီတွေပေါ့။ အဆုံးသတ်ပိုင်းမှာ စားဖို့က အဆီများတဲ့ငါးတွေကိုစားရမယ်။

 

ပြီးရင် အစာပိတ်အနေနဲ့ ကြက်ဥကြော်နဲ့လုပ်ထားတဲ့ ဆူရှီ (Tamago)ကို ဆက်စားမယ်။ ဗိုက်မပြည့်သေးရင်တော့ ဂဏန်းချောင်းလေးတွေ၊ တူနာလေးတွေကိုလည်း ထပ်ပြီးမှာစားတာပေါ့။ ဆူရှီကို အရသာရှိရှိ အမုန်းဆွဲနိုင်ကြပါစေ။

Source : Health Digezt

Share

Loading Next Article...
က္က