အရသာက အတော်ကောင်းဆိုပဲ။
 

ကိတ်မုန့်တစ်လုံးကို အရွယ်အစား ဘယ်လောက်ကြီးကြီးအထိ မြင်ဖူးလဲ? အခမ်းအနားတွေမှာ ဆိုရင်တော့ ကိတ်မုန့်ကြီးကြီးတွေကို မြင်ရမှာပေါ့။ ကမ္ဘာ့အရှည်ဆုံး စတော်ဘယ်ရီကိတ်မုန့်ကြီးကတော့ ပြင်သစ်နိုင်ငံမှာ ရှိပါတယ်။ ဘယ်လောက်ထိရှည်သလဲဆိုရင် ၃၂.၂၄ မီတာ (၁၀၅. ၇၇ ပေ) တောင် ရှိသတဲ့။

 

ပြင်သစ်နိုင်ငံ၊ Beaulieu Sur Dordogne မြို့က Le Comité d' အဖွဲ့အစည်းဟာ စတော်ဘယ်ရီပွဲတော် ၂၅ နှစ်မြောက် နှစ်ပတ်လည်အတွက် ပြုလုပ်ခဲ့တဲ့ စတော်ဘယ်ရီကိတ်မုန့်ကြီးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကိတ်မုန့်ကြီးကို ကမ္ဘာ့အရှည်လျားဆုံး ပြင်သစ်စတော်ဘယ်ရီကိတ်(world’s Longest fraisier pâtissier) အဖြစ် ဂင်းနစ်စံချိန်တင်အဖွဲ့က မှတ်တမ်းပေးအပ်လိုက်တာပါ။ Fraisier pâtissier ဆိုတာ လတ်ဆတ်တဲ့စတော်ဘယ်ရီ၊ ခရင်မ်အလွှာတွေနဲ့ ပြုလုပ်တဲ့ အသားပွပွပြင်သစ်ကိတ်တစ်မျိုး ဖြစ်ပါတယ်။

 

ကမ္ဘာ့အရှည်လျားဆုံး ပြင်သစ်စတော်ဘယ်ရီကိတ်မုန့်ကြီးကို ကြက်ဥအလုံးရေ ၇၂၀၊ ကြက်ဥအနှစ် ၃၀၀ လုံး၊ သကြား ၂၇ ကီလိုဂရမ်၊ ဂျုံ့မှုန့် ၃၀ ကီလိုဂရမ်နဲ့ စတော်ဘယ်ရီ ၂၀၀ ကီလိုဂရမ်တို့ကို အသုံးပြုကာ ကိတ်မုန့်ဖုတ်ဆရာ ၅ ဦးက ပြုလုပ်ခဲ့ကြရပါတယ်။ ကိတ်မုန့်ပြုလုပ်တဲ့အပိုင်း ၅၅ ခု ရှိပြီး တစ်ယောက်ချင်းစီက ကဏ္ဍအလိုက် တာဝန်ခွဲဝေယူကာ ပြုလုပ်ခဲ့ကြတယ်။ ရှည်လျားလှတဲ့ ကိတ်မုန့်ကြီးကို ဂင်းနစ်စံချိန်တင်အဖွဲ့က လာရောက်မှတ်တမ်းတင်ပြီးနောက်မှာ ပွဲကိုလာသူကို စိတ်ပိုင်းပြီးရောင်းချခဲ့တယ်လို့ သိရပါတယ်။ အရသာက အတော်ကောင်းဆိုပဲ။

Source : GWR

Share

Loading Next Article...
က္က