အရင်ကတော့ ဒေါ်လာ ၂၀ သာ ပေးရပေမဲ့ ဒီနှစ်တော့ ဈေးတက်သွားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ် (Angkor Wat) ကျောင်းတော်ကို ၂၀၁၇ ခုနှစ်အတွက် ခရီးသွားတွေရဲ့ အနှစ်သက်ဆုံးနေရာအဖြစ် မဲပေးရွေးချယ်ခံရတယ်လို့ TripAdvisor က ဖော်ပြပါတယ်။



 

အန်ကောဝပ်ဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ယူနက်စကိုအသိမှတ်ပြုခြင်းခံထားရတဲ့ နေရာတစ်ခုပါ။ ခရီးသွားတွေကို မဲပေးရွေးချယ်စေရာမှာ အိန္ဒိယနိုင်ငံရဲ့ တာ့ဂျ်မဟာလ်၊ ပီရူးနိုင်ငံရဲ့ Machu Picchu ၊ ဗာတီကန်မြို့တော်က St Peter's Basilica တို့ကို ကျော်ဖြတ်ကာ အန်ကောဝပ်က မဲအသာရသွားခဲ့တာ ဖြစ်ပါတယ်။

 

အန်ကောကို လာရောက်လည်ပတ်သူဟာ နှစ်စဉ် လူ ၂ သန်းကျော် ရှိပါသတဲ့။ ၁၉၉၃ ခုနှစ်တုန်းကဆိုရင် အန်ကောဝပ်ကို လာရောက်လည်ပတ်သူ နိုင်ငံခြားသားခရီးသွား အရေအတွက်ဟာ ၁၀,၀၀၀ တောင် မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ လာရောက်လည်ပတ်သူ အရေအတွက်ဟာ ၂.၁၉ သန်းတောင် ရှိခဲ့ကာ လက်မှတ်ရောင်းရငွေ ဒေါ်လာ ၆၂.၅ သန်း ရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အန်ကောဝပ်ကို သွားရောက်လည်ပတ်ချင်ရင် တစ်နေ့တာအတွက် ၃၇ ဒေါ်လာ ပေးရပါတယ်။ အရင်ကတော့ ဒေါ်လာ ၂၀ သာ ကောက်ခံခဲ့တာပါ။

 

ကမ္ဘာကျော် ခရီးသွားလမ်းညွှန်ဝက်ဘ်ဆိုက်ဖြစ်တဲ့ TripAdviser က ယခုနှစ်အတွက် ခရီးသွားအကြိုက်ဆုံးနေရာကို မဲပေးစေရာမှာ အန်ကောဝပ်က မဲအများဆုံးနဲ့ ပထမဆုကို ရခဲ့သလို အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ Sheikh Zayed ဗလီက ဒုတိယ၊ စပိန်နိုင်ငံက Mezquita Cathedral de Cordoba က တတိယရခဲ့တယ်လို့ သိရပါတယ်။

Source : Bangkokpost


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က