မီးခိုးရောင်သမ်းနေတဲ့ရေတွေက အမြဲတမ်းပူနေပြီး ရေနွေးငွေ့တွေကလည်း တိမ်လိုဖြစ်နေပါတယ်။

လူတို့ဖန်တီးထားတာမဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ရေကန်တွေဟာ ကမ္ဘာမြေရဲ့ အလှတရားတစ်ခု ဖြစ်ပါတယ်။ နေရာဒေသ အမျိုးမျိုးမှာ ပုံသဏ္ဍန်မျိုးစုံနဲ့ တည်ရှိနေကြတဲ့ ရေကန်ပေါင်းများစွာကိုလည်း တွေ့ဖူးကြပါတယ်။ ဒီထဲမှာမှ ထူးခြားဆန်းပြားတဲ့ ရေကန်တွေလည်း ရှိပါသေးတယ်။ ကြည့်ရအောင်လေ....

 

၁။ Laguna Colorada

သွေးနီရောင်လွှမ်းနေတဲ့ ခြောက်ခြားဖွယ်ရေကန်ကြီးက ဘိုလီဗီးယားမှာတည်ရှိပါတယ်။ ရေကန်နားမှာတော့ ဘိုရက် (borax = အဝတ်လျှော်ဆပ်ပြာမှုန့်လုပ်ရာမှာသုံးတဲ့ပစ္စည်း)ထွက်ရှိတဲ့ တောင်တစ်ခုကိုလည်း တွေ့နိုင်ပါတယ်။ ရေတွေနီနေရတဲ့အကြောင်းကတော့ အနီရောင်ရေညှိတွေကြောင့်လို့ သိရပါတယ်။

 

၂။ ပွက်ပွက်ဆူနေတဲ့ရေကန်ကြီး

ဒိုမီနီကာနိုင်ငံရဲ့ ပွက်ပွက်ဆူနေတဲ့ရေကန်ကြီး (Boiling Lake)ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက်အကြီးမားဆုံး ရေပူစမ်းလည်းဖြစ်ပါတယ်။ ရေကန်စပ်နားက ရေရဲ့အပူချိန်ဟာ ၁၈၀ မှ ၁၉၇ ဒီဂရီဖာရင်ဟိုက်လောက်ထိ ရှိပါတယ်။ ကန်အလယ်မှာဆိုရင်တော့ အတော်ကိုပူမယ့်ပုံပါပဲ။ အပူချိန်တိုင်းဖို့အတွက် အနားတောင်ကပ်လို့မရသေးပါဘူး။ မီးခိုးရောင်သမ်းနေတဲ့ရေတွေက အမြဲတမ်းပူနေပြီး ရေနွေးငွေ့တွေကလည်း တိမ်လိုဖြစ်နေပါတယ်။

 

၃။ Plitvice Lakes

ခရိုအေးရှားမှာ ရှိတဲ့ Plitvice Lakes ဟာ ရေတံခွန်တွေနဲ့ ဂူတွေကို ဆက်သွယ်ထားတဲ့ ရေကန်ဖြစ်ပါတယ်။ Plitvice Lakes သဘာဝဥယျာဉ်ထဲမှာ ရှိပါတယ်။ ကမ္ဘာပေါ်က အလှဆုံးရေကန်လို့တောင် တင်စားကြတဲ့အထိကို လှပါနေတာပါ။ ရေကန် ၁၆ ခုဟာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားကြပါတယ်။

 

၄။ Don Juan Pond

ဒါကတော့ ရေကန်ငယ်လေးတစ်ခုပါပဲ။ ဒါပေမဲ့ အငန်တကာ့အငန်ဆုံးရေတွေ တည်ရှိနေတဲ့ကန်လေးပါ။ အန္တာတိကတိုက်အတွင်းမှာ တည်ရှိနေတဲ့ ဒီကန်လေးကို ၁၉၆၁ မှာ ရှာတွေ့ခဲ့ပါတယ်။ ဆားပါဝင်မှုက ၄၀% ကျော်လွန်နေတာကြောင့် တောင်ဝင်ရိုးစွန်းရဲ့အေးစက်လွန်းတဲ့ရာသီဥတုဟာ Don Juan ကန်လေးကို အေးခဲသွားအောင် မစွမ်းနိုင်ပါဘူး။

 

၅။ ပင်လယ်သေ (Dead Sea)

ကမ္ဘာပေါ်က ရေကန်တွေထဲမှာ ဆားဓာတ်အများဆုံးပါဝင်ပြီးအနက်ရှိုင်းဆုံးကန်လည်း ဖြစ်ပါတယ်။ ဘယ်တိရစ္ဆာန်မှ ရှင်သန်လို့မရတဲ့ကန်ပါ။ ပင်လယ်သေထဲဆင်းလိုက်ရင် လူက ရေပေါ်မှာ ပေါလောပေါ်နေပါတယ်။ ရေကူးဖို့လည်း ခက်ခဲပါတယ်။

 

၆။ Lake Balkhash

ကာဇက်စတန်နိုင်ငံက Lake Balkhash ဟာ ကမ္ဘာ့အကြီးဆုံးရေကန်များစာရင်းမှာ နံပတ် ၁၅ နေရာ ချိတ်ပါတယ်။ သူ့ရဲ့ထူးဆန်းတဲ့အချက်ကတော့ ရေကန်ရဲ့ရေတစ်ဝက်က ရေကောင်းရေသန့်တွေဖြစ်ပြီး ကျန်တစ်ဝက်က ပင်လယ်ရေတွေ ဖြစ်နေတာပါ။ မတူညီတဲ့နှစ်ခြမ်းကလည်း ရောမသွားပါဘူး။

 

၇။ Lake Baikal

ကမ္ဘာ့ သက်တမ်းအရင့်ဆုံးနဲ့ အနက်ရှိုင်းဆုံးရေကန်ဖြစ်တဲ့ Lake Baikal ဟာ ရုရှားနိုင်ငံမှာ တည်ရှိပါတယ်။ ရေကန်ကြီးရဲ့သက်တမ်းက နှစ်ပေါင်း ၂၅ သန်းလောက် ရှိနေပါပြီတဲ့။ ကမ္ဘာပေါ်က ရေကောင်းရေသန့်တွေရဲ့ ၂၀% ဟာ ဒီရေကန်ကြီးမှာ တည်ရှိနေပါတယ်။ ကန်ထဲမှာရှိတဲ့ ဇီဝမျိုးစိတ်ပေါင်း ၁၇၀၀ ကျော်အနက် သုံးပုံနှစ်ပုံဟာ ကမ္ဘာပေါ်က အခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့မျိုးစိတ်တွေဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ Lake Baikal ကို ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ် ကြေညာခဲ့ပါတယ်။

Source : MNN

Share

Loading Next Article...
က္က