အကုန်လုံးကို ရောက်ဖူးချင်လိုက်တာ....

နိုင်ငံအသီးသီး၊ နေရာအနှံ့မှာတော့ လူတွေကို နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်နေတဲ့ ဟိုတယ်တွေ ရှိကြတယ်။ ခေတ်မီဆန်းပြားတဲ့ ကြယ်ငါးပွင့်ဟိုတယ်တွေကို ခဏလောက်မေ့လိုက်ရအောင်။ အဲ့ဒီအစား ရင်သပ်ရှုမောစရာကောင်းတဲ့ အလှအပတွေနဲ့ သာယာတဲ့နေရာလေးတွေကို ခံစားကြည့်ရအောင်ပါ။

 

၁။ Chetzeron

ဆွစ်ဇာလန်နိုင်ငံ Crans-Montana မှာ တည်ရှိပါတယ်။ အရင်တုန်းကတော့ ဒီနေရာဟာ လူစီးမီးပုံးပျံစခန်းဖြစ်ခဲ့တာပါ။ ခုတော့ အယ်လ်ပိုင်းတောင်တန်းရဲ့အလှနဲ့ ဟိုတယ်တစ်လုံး ဆောက်လုပ်ထားပါတယ်။ ဒီဟိုတယ်မှာတည်းဖို့က သိပ်မလွယ်ဘူး။ တောင်ပေါ်မှာဆောက်ထားတာဆိုတော့ နွေရာသီဆို ခြေလျင်တက်မှရတယ်။ ဒါမှမဟုတ် လေးဖက်ယက် တောင်တက်ဆိုင်ကယ်တွေနဲ့တက်ရတယ်။

 

ဆောင်းရာသီရောက်ပြန်တော့ ဒီဟိုတယ်ကိုသွားချင်ရင် နှင်းလျှောစီးပြီးသွားရတယ်။ ပင်ပင်ပန်းပန်းသွားရကျိုးလည်း နပ်ပါပေတယ်။ ရှုခင်းက တကယ့်ကိုမှင်သက်အံ့သြစရာပါပဲ။

 

၂။ Le Roch

ပြင်သစ်နိုင်ငံရဲ့ အနုလက်ရာတွေဟာ နာမည်ကျော်ကြားတာနဲ့အမျှ လူကိုလည်း သိမ်သိမ်မွေ့မွေ့ဆွဲဆောင်နေပြန်တယ်လေ။ ဒီဟိုတယ်ကတော့ Place Vendôme, Palais Garnier နဲ့ Louvre တို့လို နာမည်ကျော်နေရာသုံးခုရဲ့ကြားမှာ တည်ရှိပါတယ်။ အတွင်းပိုင်း ပြင်ဆင်မှုဒီဇိုင်းတွေက ကျောက်မျက်ရတနာတွေရဲ့ အဆင်အသွေးလိုဖြစ်အောင် ဖန်တီးထားတာ တွေ့ရမှာပါ။

 

၃။ Blakes

ဒီဟိုတယ်ရဲ့ဒီဇိုင်းဟာ ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ မင်းသမီးအဖြစ်ပါဝင်ဖူးတဲ့ Anouska Hempel က တီထွင်ထားတာဖြစ်ပါတယ်။ သူမ သွားခဲ့တဲ့ ခရီးစဉ်တွေကို သက်ဝင်ခံစားပြီး အဆင့်မြင့်ဇိမ်ခံဟိုတယ်ကြီးပုံစံ ရေးဆွဲထားတာပါ။ လန်ဒန်မြို့လယ်မှာ တည်ရှိပါတယ်။

 

ဟိုတယ်ရဲ့အိပ်ခန်းတွေက Anouska သွားခဲ့တဲ့ ခရီးတစ်ခုချင်းစီကို ကိုယ်စားပြုတယ်လို့ဆိုတယ်။ ဆယ်လီတွေ လာတာများပါတယ်။

 

၄။ Rockhouse Hotel

မြင်လိုက်တာနဲ့ သွားချင်စိတ်တွေ ချက်ချင်းဆိုသလို ပေါ်ပေါက်လာရအောင် လှပလွန်းတယ်မဟုတ်လား။ ဂျမေကာနိုင်ငံက Negril အငူရဲ့ အထက်မှာ ဆောက်လုပ်ထားတာပါ။ ကမ်းရိုးတမ်းရဲ့အလှတွေကို တမေ့တမော ခံစားနိုင်မယ့်နေရာလည်း ဖြစ်ပါတယ်။ Rockhouse အပန်းဖြေစခန်းက ရွာတစ်ခုနဲ့လည်းတူတယ်။ စားသောက်ဆိုင်တွေ၊ ရက်ဂေးသီချင်း သီဆိုမှုတွေနဲ့ အခြားသောလှုပ်ရှားမှုတွေ အများကြီးရှိနေတယ်လေ။

 

၅။ Pedras Salgadas

သစ်ပင်ပေါ်မှာ ဆောက်ထားတဲ့အိမ် (tree house)လေးတွေပေါ့။ ပေါ်တူဂီနိုင်ငံရဲ့ Bornes de Aguiar သစ်တောကြီးထဲက သစ်ပင်တွေပေါ်မှာ အသိုက်ဖွဲ့ဆောက်လုပ်ထားတဲ့ ဟိုတယ်လေးပါ။ သေးသေးလေးတွေဆိုပေမဲ့ သန့်ရှင်းပြီး စိတ်ကိုအေးချမ်းစေတယ်။ သဘာဝအလှကို တဝကြီးခံစားထိတွေ့နိုင်တယ်။

 

Source : Mashable


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က