ဘီယာအရသာလေးစွက်လိုက်ရင် ငါးလက်ချောင်းကြော်လေးက ပိုစားလို့ကောင်းသွားပါတယ်။


ဘီယာဆိုင်ထိုင်ရင် ဘယ်လိုအမြည်းမျိုးတွေကို ပုံမှန်မှာလေ့ရှိလဲ။ ကျွန်တော်ကတော့ ဘားထိုင်ရင်၊ ဘီယာဆိုင်ထိုင်ရင် အာလူးချောင်းကြော်တို့၊ ငါးလက်ချောင်းကြော်တို့ပဲ မှာဖြစ်တာများပါတယ်။ အထူးသဖြင့် ငါးလက်ချောင်းကြော်ပေါ့လေ။ ငါးစားရင် မျက်စိအားကောင်းတယ်။ ဉာဏ်ကောင်းတယ် စသဖြင့် လူကြီးမိဘတွေက ချော့မော့ကျွေးပေမယ့်လည်း ငါးအရိုးထွင်ရမှာ ပျင်းပြီး မစားဖြစ်တာများပါတယ်။ ငါးလက်ချောင်းကြော်ကျတော့ အရိုးထွင်စရာမလိုဘဲ အချဉ်လေးထဲနှစ်စားရုံပဲဆိုတော့ စားဖြစ်တယ်လေ။ ငါးလက်ချောင်းကြော်ကြိုက်တဲ့ ဘီယာသမားတွေအတွက် ဘီယာလေးပါရောထည့်လိုက်ရင် ငါးလက်ချောင်းကြော်ရဲ့အရသာ ပြောင်းလဲသွားတာကို သိရအောင် ဒီနေ့မှာတော့ ဘီယာငါးလက်ချောင်းကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။



ပါဝင်ပစ္စည်းတွေကတော့ အချောင်းလေးတွေဖြစ်အောင် လှီးဖြတ်ပြီး ရေချိုငါး(၃၀၀ ဂရမ်)၊ ကြက်သွန်ဖြူထောင်းပြီးသား လက်ဖက်ရည်ဇွန်း (၁)ဇွန်း၊ ဆားအနည်းငယ်၊ သံပုရာရည် တစ်ဇွန်း၊ ဘီယာ (၁) ခွက်ကျော်ကျော်ခန့်၊ ပြောင်းဖူးမှုန့် ၁/၄ ခွက်၊ ငရုက်ကောင်းဖြူမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ကြက်ဥ (၂) လုံး၊ မုန်ညင်းစေ့ကိုထောင်းပြီးသံပုရာရည်နဲ့ရောထားတဲ့ mustard အနှစ်တို့ ဖြစ်ပါတယ်။



လုပ်ဆောင်ပုံကတော့ အရင်ဆုံးပန်းကန်တစ်လုံးထဲမှာ ဂျုံမှုန့်နဲ့ တခြားပါဝင်ပစ္စည်းအားလုံးကိုရောမွှေပါ။ ပြီးရင် ကြက်ဥနဲ့ဘီယာကို အဲဒီခွက်ထဲကိုထည့်ပြီး သမသွားအောင်ခလောက်ပေးပါ။ ငါးလက်ချောင်းတွေကို အဲဒီအနှစ်ထဲကို နာရီဝက်လောက်ကြာအောင် ထည့်စိမ်ပေးပါ။ ဆီကိုအပူပေးပြီး ငါးလက်ချောင်းတွေကို တစ်ချောင်းချင်း ဆီပူထဲကို ထည့်ပေးပါ။ နှစ်ဖက်စလုံး ရွှေအိုရောင်သမ်းသွားရင် ဆယ်လို့ရပါပြီ။ တစ်ရှူးလေးနဲ့ဆီစစ်ထားပြီးရင် မိမိနှစ်သက်ရာ sauce နဲ့တွဲဖက်စားသုံးနိုင်ပါပြီ။



Source: food.ndtv

Share

Loading Next Article...
က္က