တစ်ယောက်တည်းပဲရှိတဲ့ နေရာမျိုးမှာ ရေမကူးသင့်ပါဘူး။
 

ရေကြောင့် အသက်ဆုံးရှုံးရသူ အရေအတွက်ဟာ နှစ်စဉ် ကမ္ဘာပေါ်မှာ မနည်းပါဘူး။ အန္တရယ်ရှိပြီး ရေမကူးသင့်တဲ့နေရာလေးတွေကို ဗဟုသုတအနေနဲ့ မှတ်သားထားသင့်ပါတယ်။

၁ - တစ်ယောက်တည်းရှိတဲ့ နေရာ

တစ်ယောက်တည်းပဲရှိတဲ့ နေရာမျိုးမှာ ရေမကူးသင့်ပါဘူး။ မမျှော်လင့်ဘဲ မတော်မဆမှု တစ်ခုခု ဖြစ်နေတဲ့အခါမျိုးမှာ သင့်ကို စောင့်ကြည့်ပေးမယ့်လူ မရှိလို့ ဖြစ်ပါတယ်။ အော်ဟစ်အကူအညီတောင်းစရာလူ အနီးဝန်းကျင်မှာ ရှိနေရင် အဆင်ပြေပေမယ့် သင့်ကို သတိမထားမိလောက်တဲ့ နေရာမျိုးမှာ မရှိဘူးဆိုရင်တော့ မကူးသင့်ပါဘူး။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -ကမ္ဘာပေါ်က ထူးခြားဆန်းပြားတဲ့ ရေကန် (၇) ခု )

 

၂ - ရေနောက်တဲ့နေရာ

ရေကြည်လင်မှု မရှိတဲ့နေရာဆိုလည်း သတိထားသင့်ပါတယ်။ ကျန်းမာရေးအတွက်တင်မကဘဲ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်မှုက အန္တရယ်ဖြစ်လာနိုင်ပါတယ်။ ရေက ကြည်နေတဲ့အခါ ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အန္တရယ်ကြုံရတဲ့အခါ ချက်ချင်းကယ်ဆယ်နိုင်ပါတယ်။

၃ - ရေဆွဲတဲ့ ပင်လယ်ကမ်းခြေ

ကမ်းခြေမှာ မျောပါလာတဲ့ ပစ္စည်းအစအနတွေ ရှိပါတယ်။ ဒါပေမယ့် ရေဟာ ကမ်းခြေပေါ်က ဒီအစအနတွေကို ပြန်ဆွဲသွားတယ်ဆိုရင် သင်သတိထားသင့်ပါတယ်။ ဒီလို အတိုအစအမြောက်အများကို ပင်လယ်ဘက် ပြန်ဆွဲသွားတာမျိုးတွေ့ရင် ရေစီးဟာ အန္တရယ်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာမျိုး မတွေ့ရဘူးဆိုရင်တောင်မှ ပင်လယ်ကမ်းခြေမှာ ရေကူးမယ်ဆို အမြဲသတိထားသင့်ပါတယ်။

 

၄ - လူကြပ်တဲ့ ရေကူးကန်

များလေ ကောင်းလေဆိုတာ တော်တော်များများနဲ့ သက်ဆိုင်ပေမယ့် ရေကူးကန်တွေနဲ့တော့ မသက်ဆိုင်ပါဘူး။ ခန္ဓာကိုယ်တိုင်းမှာ ပိုးမွှားအမြောက်အများရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ ပိုးမွှားတွေဟာ ရေထဲမှာ ပြန့်နှံ့ပြီး တစ်ကိုယ်ရေကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ လူနည်းရင်ကိစ္စမရှိပေမယ့် လူတွေ အမြောက်အများနဲ့ ပြည့်ကျပ်နေတဲ့ ရေကူးကန်မျိုးကို ရှောင်သင့်ပါတယ်။

၅ - ရေညှိ

ရေညှိတွေ အမြောက်အများရှိနေတဲ့ ရေကိုလည်း သတိထားသင့်ပါတယ်။ စိမ်းပြာရောင်ရေညှိအချို့ဟာ အဆိပ်ရှိတဲ့ cyanobacteria ကို ထုတ်လုပ်နိုင်ပါတယ်။ ရေမျက်နှာပြင်မှာ အနံ့ပြင်းတဲ့ ရေညှိဖတ်တွေ ပြင်းနေတယ်ဆိုရင်တော့ ရေထဲဆင်းဖို့ အထူးသတိထားသင့်တာ ဖြစ်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က