ငှက်ပျောဆိုတာ စွယ်စုံအသုံးချလို့ရပါတယ်။


သစ်သီးဝလံတွေက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာရှောင်လွှဲလို့မရတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာလို့လဲဆိုတော့ သစ်သီးဝလံတိုင်းမှာ သူ့ကောင်းကျိုးနဲ့သူ၊ သူ့အရသာနဲ့သူ ရှိနေလို့ပါပဲ။ အဲဒီထဲက တစ်မျိုးကတော့ ငှက်ပျောသီးပါပဲ။ အပူပိုင်းဒေသနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ ငှက်ပျောသီးမျိုး ပေါင်းစုံရှိပါတယ်။ (သီးမွှေး၊ ဖီးကြမ်း၊ ရွှေနီ စသဖြင့်) ဒါတင်မကသေးပါဘူး။ ငှက်ပျောဟာ အရွက်ကနေ ပင်စည်အထိ တစ်ပင်လုံးနီးပါးအသုံးချလို့ရပါတယ်။ ငှက်ပျောသီးမှာလည်း ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ငှက်ပျောသီးစားပေးတာကလည်း သွေးတိုးကျစေတဲ့ ဆေးတစ်မျိုးပါပဲ။ ဒီနေ့မှာတော့ ငှက်ပျောတစ်ပင်လုံးအသုံးချနည်းအကြောင်း တင်ပြေပေးသွားမှာပါနော်။
၁။ ငါးပေါင်းရာမှာသုံးလို့ရတယ်

 

ငှက်ပျောရွက်တွေကို ဟင်းချက်ရာမှာထည့်သွင်းအသုံးချတာဟာ ဆန်းတော့မဆန်းပါဘူး။ ရှမ်းရိုးရာအစားအသောက်တွေထဲက ဟင်းထုပ်တို့၊ ငါးချဉ်တို့ဆိုလည်း ငှက်ပျောရွက်နဲ့ပဲ ထုပ်ကြတာပါ။ ဒါတင်မကသေးပါဘူး။ ငါးပေါင်းရင် ငှက်ပျောရွက်နဲ့ထုပ်ပြီး ပေါင်းတဲ့ဟင်းချက်နည်းတွေလည်း အများကြီးရှိပါတယ်။

၂။ ပန်းကန်အဖြစ်အသုံးပြုလို့ရပါတယ်

 

ငှက်ပျောရွက်ကို ပန်းကန်နေရာမှာအစားထိုးပြီး အစားအသောက်တွေကိုတည်ခင်းပြသတာဟာ ခေတ်စားလာပါတယ်။ တချို့ပင်လယ်စာစားသောက်ဆိုင်တွေ၊ ပုံစား စားသောက်ဆိုင်တွေမှာ အမြင်လည်းဆန်းအောင်၊ စားလို့လည်းပိုကောင်းအောင် ငှက်ပျောရွက်နဲ့တည်ခင်းပြသတာတွေကို ခင်ဗျားမြင်ဖူးကြားဖူးမှာပါ။ ငှက်ပျောရွက်ပေါ်မှာအစားအသောက်တွေကို ပုံထည့်ပြီး စားသုံးတာက အစာကြေပိုလွယ်စေပြီး အစားအစာရဲ့အရသာကိုလည်း ပိုမိုကောင်းမွန်စေပါတယ်တဲ့။ ဒါတင်မကသေးပါဘူး။ ငှက်ပျောရွက်က အလွယ်တကူစွန့်ပစ်လို့လည်းရတော့ ပန်းကန်ဆေးရလည်း သက်သာတာပေါ့။ အိမ်မှာပါ စမ်းကြည့်သင့်ပါတယ်။ :P

၃။ ငှက်ပျောသီးကို မုန့်ဖုတ်ရာမှာထည့်သုံးတယ်

 

ငှက်ပျောသီးက ကျန်းမာရေးတစ်ခုတည်းအတွက် ကောင်းတာမဟုတ်ဘဲစားရတာလည်း အရသာရှိပါတယ်။ ဒီတိုင်းစားရင် အရသာရှိသလို ဂျုံ၊ နို့၊ သကြားစတာတွေနဲ့ရောပြီး မုန့်ဖုတ်ပြီးစားမယ်ဆိုရင်လည်း ကောင်းပါတယ်။ ငှက်ပျောသီးကိတ်တို့၊ ငှက်ပျောသီးပိုင်မုန့်တို့၊ ငှက်ပျောသီးမက်ဖင်ကိတ်တို့ အစရှိသဖြင့် ငှက်ပျောသီးနဲ့လုပ်တဲ့ မုန့်တွေလည်း အများကြီးပါပဲ။

၄။ ငှက်ပျောအူကို မုန့်ဟင်းခါးထဲထည့်ချက်လို့ရပါတယ်

မြန်မာလူမျိုးဆိုရင် မုန့်ဟင်းခါးမကြိုက်တဲ့သူ မရှိပါဘူး။ မုန့်ဟင်းခါးချက်တယ်ဆိုတာ ငှက်ပျောအူလေးပါမှ စားကောင်းသလိုရှိတာပါ။ ငှက်ပျောအူမပါတဲ့ မုန့်ဟင်းခါးဟာ ဆားမပါတဲ့ဟင်းလိုပဲ စားရတာ ပေါ့ရွှတ်ရွှတ်ဖြစ်နေတတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မုန့်ဟင်းခါးမှာ ငါးတို့၊ ငံပြာရည်တို့လှိုင်လှိုင်ပါတာကြောင့် သွေးတိုးမှာကြောက်ရင် ငှက်ပျောအူဖတ်လေးဝါးလိုက်ရုံနဲ့ ပြေပျောက်ပါတယ်။

၅။ ငှက်ပျောသီးကို မုန့်အဖြစ်လုပ်စားလို့လည်းရတယ်

 

ငှက်ပျောခြောက်ကြော်တို့၊ ဘာတို့ကိုစားဖူးမှာပေါ့။ ငှက်ပျောသီးလေးတွေကို အချပ်ပါးပါးလေးတွေဖြစ်အောင်လှီးပြီး ဆီပူထဲ ထည့်ကြော်လိုက်ရင် အရသာကောင်းမွန်တဲ့ ငှက်ပျောသီးကြော်လေးတွေကို ရရှိပါတယ်။ ဒါ့အပြင် မုန့်နှစ်နဲ့ရောပြီး ကြော်မယ်ဆိုရင်လည်း စားလို့ကောင်းတဲ့ငှက်ပျောကြော်ကိုရရှိပါတယ်။ ဒီငှက်ပျောကြော်တွေကို သရေစာအဖြစ်လည်း စားသုံးလို့ရပါတယ်။

 

Share

Loading Next Article...
က္က