ခရီးထွက်ပြီဆို ဟိုကျန်၊ ဒီကျန် မေ့တတ်သူတွေအတွက်ပါ...

ခရီးသွားမယ်ဆိုရင် အရေးကြီးဆုံးကတော့ အထုပ်အပိုးပြင်တာပဲ။ လိုတာတွေ မမေ့အောင်၊ သေသေချာချာထည့်ရတယ်။ ကိုယ်က မေ့တတ်သူဆိုရင် မခက်ဘူးလား? ဒါလေးတွေတော့ ဖတ်ထားလိုက်ပါဦး။ အထုပ်အပိုးပြင်တဲ့အခါ အသုံးတည့်မှာပါနော်။

 

၁။ မခေါက်နဲ့ လိပ်

အဝတ်အစားတွေကို ထည့်ပြီဆို မီးပူတိုက်ထားတဲ့အတိုင်း အပြားလိုက်လေးတွေခေါက်ပြီး အိတ်ထဲထည့်ကြတယ်။ နေရာအရမ်းယူတာပေါ့။ ခေါက်ထားတာလေးကို လိပ်ပြီးထည့်ရင် အိတ်ထဲကိုများများထည့်လို့ရတယ်။ အဝတ်အစားတွေက ထင်သလောက်မကြေသွားပါဘူး။

၂။ ရေလုံအိတ်

ခုလိုမိုးတွင်းမှာ ခရီးထွက်ရင် ပိုလို့တောင် သတိထားရမယ်။ အရေးကြီးစာရွက်စာတမ်းနဲ့ ပိုက်ဆံကို ရေလုံအိတ်ထဲထည့်သယ်ပါ။

 

၃။ အနံ့လေးမွှေးနေအောင်

ခရီးဆောင်အိတ်တွေမှာ အောက်သိုးသိုးအနံ့တွေ ရနေတတ်တယ်။ အနံ့မွှေးတဲ့ အိတ်လေးတွေကို ထည့်ထားမှ အဆင်ပြေမယ်။ မဟုတ်ရင် အဝတ်တွေကို အနံ့စွဲနေရောလေ။ ကိုယ်တိုင်သုံးတဲ့ နည်းကတော့ တစ်ရှုးအစို (wet tissue / baby wipe) မှာ ရေမွှေးလေးတစ်ချက်လောက်ဖြန်းပြီး ထည့်ထားလိုက်တာပါပဲ။

 

၄။ လေးလံတဲ့ပစ္စည်းတွေ

ဘီးပါတဲ့ ခရီးဆောင်အိတ်တွေကို သုံးမယ်ဆိုရင် ဘီးရှိတဲ့နေရာ၊ အိတ်ရဲ့ထောင့်ဆုံးမှာ လေးလံတဲ့အရာတွေကို ထားပါ။ ဒါမှသာ အိတ်လေးကို ထောင်ထားလို့ အဆင်ပြေသလို လက်ကဆွဲသွားရင် အလိုက်သင့်လေး ပါလာမှာ။

 

၅။ ဖိနပ်တွေ

ခရီးသွားရင် စီးဖို့ထည့်လာတဲ့ ဖိနပ်တွေကို ပြန်သယ်သွားရင် အိတ်ထဲမှာ အနံ့စွဲနိုင်တယ်။ ဟိုတယ်ကပေးတဲ့ ရေချိုးခေါင်းစွပ် (shower cap) နဲ့ ဖိနပ်ကိုထုပ်ခဲ့ပါ။

Share

Loading Next Article...
က္က