ဒါဟာ သောက်လေ့ရှိသူတွေတိုင်း ဖြစ်ဖူးတတ်ကြပါတယ်။
 

သောက်နေကျအရက်ကိုပဲ သောက်နေကျပမာဏ အတိုင်းပဲ သောက်ပေမယ့် အရင်ကထက် ပိုမူးနေပါတယ်။ ဒါဟာ သောက်လေ့ရှိသူတွေတိုင်း ဖြစ်ဖူးတတ်ကြပါတယ်။ ဘယ်လိုအချိန်မျိုးတွေမှာ ပိုမူးတတ်တယ်ဆိုတာကို သိထားရင် နောက်ပိုင်းဆင်ခြင်လို့ ရသွားမှာ ဖြစ်တဲ့အတွက် ပိုမူးတတ်တဲ့အခြေအနေတွေကို ဖော်ပြပေးချင်ပါတယ်။

၁ - အချိန်မှား

ကိုယ်တွင်းအချိန်မှတ်ဖြစ်စဉ် မှားသွားတာမျိုး ဖြစ်ပါတယ်။ နိုင်ငံသစ်တစ်ခုကို ရောက်တဲ့အခါ အချိန်မှတ်ဖြစ်စဉ်ဟာ ရုတ်တရက် ကပြောင်းကပြန်ဖြစ်သွားတာပါ။  ဒီလိုအချိန်မျိုးမှာ သင့်ရဲ့ ကိုယ်တွင်းအလုပ်လုပ်မှုတွေကလည်း မှားယွင်းသွားပါတယ်။ ဒီအခါမှာ အသည်းဟာ အယ်ကိုဟောကို ထိထိရောက်ရောက် မချေဖျက်နိုင်တော့ပါဘူး။ ရလဒ်အနေနဲ့ သင်ဟာ ခဏလေးနဲ့ မူးလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ရောက်နေတဲ့ ပတ်ဝန်းကျင်ရဲ့ အချိန်နဲ့ နေသားကျသွားတဲ့အခါ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -အလွန်အမင်း စိတ်ဓာတ်ကျနေပြီဆိုတာ သိနိုင်မယ့် လက္ခဏာ (၇) ခု )

 

၂ - အအေးမိဖျားနေတဲ့အချိန်

အအေးမိဖျားနေတဲ့ အချိန်တွေမှာ သောက်ရင်လည်း ပိုမူးတတ်ပါတယ်။  ရေဓာတ်ခန်းခြောက်မှု ပိုမိုများပြားနေပြီး သွေးတွင်း အယ်ကိုဟောပမာဏဓာတ်ကို လျင်မြန်စွာ မြင့်တက်လာစေပါတယ်။ သောက်နေတုန်း ရုတ်တရက် ဆောင့်ပြီးမူးလာတတ်ပါတယ်။ 

၃ - အသက် ကြီးသွားပြီ

အသက် ၂၅ ကျော်တာနဲ့ အရင်ကထက် မူးလွယ်လာတာကို သတိထားမိလာပါလိမ့်မယ်။ ကျောင်းတုန်းကလောက် သင်မသောက်နိုင်တော့တာကို တွေ့ရမှာပါ။ အယ်ကိုဟောရဲ့ သက်ရောက်မှုဟာ အသက်အရွယ်ပိုင်း ကွာခြားမှုရှိပြီး လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အယ်ကိုဟောရဲ့အလုပ်လုပ်ပုံဟာ လူကြီးတွေနဲ့ ခြားနားမှု ရှိတာ ဖြစ်ပါတယ်။

 

၄ - အိပ်ရေးမဝဘူး

အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ဟာ ပုံမှန်ထက် နွမ်းနယ်နေပြီး အားမရှိသလို ဖြစ်နေပါတယ်။ ဒီအချိန်မှာ အရက်သောက်တယ်ဆိုရင်တော့ ပိုမူးသလို ခံစားရမှာပါ။ သွေးတွင်း အယ်ကိုဟော ပမာဏမြင့်တက်ခြင်းမရှိဘူးဆိုရင်တောင်မှ အမူးကြမ်းသလို ဖြစ်နေမှာပါ။ နွမ်းနယ်နေတာကြောင့် သင့်ခန္ဓာကိုယ်ဟာ နိုးကြားမှု သိပ်မရှိတာ ဖြစ်ပါတယ်။

Photos & Source: Women Health

Share

Loading Next Article...
က္က