အအေးဘူးတွေကိုလည်း စမ်းသပ်လို့ရတယ်။

သံဘူးနဲ့ထည့်ထားတဲ့ အအေး၊ ဘီယာကို သောက်မယ်ဆို အေးနေမှ သောက်လို့ကောင်းတာ။ အေးစိမ့်နေတဲ့ ဘီယာအေးအေးလေးကမှ အရသာရှိတာ။ ဘီယာဆိုတာ မအေးရင် သောက်လို့မကောင်းတော့ဘူးလေ။ ဘီယာဘူးကို ၂ မိနစ်အတွင်း အမြန်ဆုံးအေးသွားစေမယ့်နည်းတချို့ရှိပါတယ်။ လက်တွေ့စမ်းသပ်ပြထားတာပါ။

 

ပထမနည်းကတော့ ဆားနဲ့ရေခဲကို သုံးရပါမယ်။ စတီးလ်/သတ္တုပုံးတစ်ခုထဲကို ဘီယာဘူးထည့်လိုက်ပါ။ အပေါ်ကနေ ရေခဲလောင်းထည့်ထားလိုက်ပါ။ ရေခဲပေါ်ကနေ ရေနည်းနည်းလောင်းချပြီး ဆားတွေဖြူးလိုက်ရတယ်။ ဆားဖြူးတာက ရေခဲတွေ ပျော်တာနှေးအောင်လို့ပါ။ ရေလောင်းတာကတော့ ဘီယာဘူး ပိုအေးသွားအောင်လောင်းထည့်လိုက်တာ။ ၂ မိနစ်လောက်နေရင် ဘီယာဘူးကိုထုတ်ကြည့်လိုက်။ ရေခဲသေတ္တာထဲမှာ ထည့်တာထက်တောင် အေးနေဦးမယ်။

 

ဒုတိယနည်းကတော့ လျှို့ဝှက်ချက်လို့ ပြောရမယ်။ ရေခဲသေတ္တာထဲကို ဘီယာဘူးထည့်မယ်ဆိုရင် တစ်ရှုးအစိုနဲ့ ဘီယာဘူးကို အရင်ပတ်ထားလိုက်ကြည့်။ ၂ မိနစ်လောက် ကြာတဲ့အခါ ရေခဲသေတ္တာထဲမှာ ခါတိုင်းထားနေကြထက် ပိုပြီးအေးနေတာ တွေ့ရလိမ့်မယ်။

 

ရေခဲရော၊ ရေခဲသေတ္တာရော မရှိဘူးလား? ဒါဆိုရင် ဘီယာဘူးကို တစ်ရှုးအစို/ ချည်သားအဝတ်ပတ်ပြီး ရေဘုံဘိုင်အောက်မှာ ရေဖွင့်ပြီးထားလိုက်ရင်လည်း ရသေးတယ်။ အရမ်းကြီးအေးမသွားပေမဲ့ သောက်လို့ရတဲ့အဆင့်တော့ ဖြစ်သွားတာပေါ့။

Share

Loading Next Article...
က္က