ဖရဲသီးဟာ အံ့သြဖွယ်ကောင်းတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပြီး ဒီတစ်ပတ်မှာတော့ ဖရဲသီးနဲ့ဆိုင်တဲ့ ဗဟုသုတလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။


ဖရဲသီးအကြောင်းကို ဘယ်လောက်သိပါသလဲ။ ဖရဲသီးက ချိုတယ်။ အေးတယ်။ ရေငတ်ပြေစေတယ်။ နွေရာသီမှာ မိတ်တွေထွက်ရင် ဖရဲသီးလေးစားလိုက်ရင် သက်သာတယ်။ စသဖြင့် ဖရဲသီးရဲ့ အကျိုးကျေးဇူးတွေကို သိကြမှာပါ။ ဖရဲသီးဟာ အံ့သြဖွယ်ကောင်းတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပြီး ဒီတစ်ပတ်မှာတော့ ဖရဲသီးနဲ့ဆိုင်တဲ့ ဗဟုသုတလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ဖရဲသီးရဲ့ မူလပေါက်ရာဒေသက အာဖရိကတိုက်ဖြစ်ပါတယ်

egyptian-watermelon.jpg 

ဖရဲသီးဟာ အာဖရိကတိုက်မှာ စတင်ပေါက်ခဲ့တဲ့ သစ်သီးဝလံ မျိုးစိတ်တစ်မျိုးဖြစ်ပါသတဲ့။ ဖရဲသီးဟာအာဖရိကတိုုက်က အီဂျစ်ဆိုတဲ့ နိုင်ငံမှာစတင်ပေါက်ဖွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သိပ္ပံပညာရှင်တွေဟာ ဖရဲသီးစေ့တွေကို အီဂျစ်ပြည်ပိရမစ်ဂူတွေထဲမှာ တွေ့ရှိခဲ့တဲ့အပြင် ဘီစီ (၂၀၀၀) လောက်က သူတို့ရဲ့အရုပ်စာတွေထဲမှာလည်း ဖရဲသီးပုံတွေကို တွေ့ရှိခဲ့လို့ပါပဲ။ ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ ဖရဲသီးကို သူတို့ပတ်ဝန်းကျင်မှာ တွေ့ရှိရတဲ့ မျိုးရိုင်းတစ်ခုကနေ ပွားယူစိုက်ပျိုးခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီကမှတဆင့် မြေထဲပင်လယ်ဒေသနဲ့ ဥရောပတိုက်၊ အာရှတိုက်ဘက်ကို ရောက်လာခဲ့ပါသတဲ့။

၂။ ဖရဲသီးက ဘယ်ရီသီးအမျိုးအစားထဲမှာ ပါပါတယ်

ဖရဲသီးနဲ့ စတော်ဘယ်ရီသီး အမျိုးတော်တယ်ဆိုရင် အံ့သြနေကြမလား။ တကယ်တော့ ဖရဲသီးဟာ pepo လို့ခေါ်တဲ့ ဘယ်ရီသီးတစ်မျိုးပါပဲတဲ့။ pepo ဟာ Cucurbitaceae လို့ခေါ်တဲ့ မျိုးရင်းကလာပြီး စတော်ဘယ်ရီသီးတို့၊ ဘလူးဘယ်ရီသီးတို့လို အခွံပျော့ပြီး အလွယ်တကူဝါးစားနိုင်တဲ့ ဘယ်ရီသီးတွေနဲ့တော့မတူဘဲ ကွဲပြားခြားနားပါတယ်တဲ့။

၃။ ဖရဲသီးကို ဟင်းချက်စားလို့လည်းရပါတယ်

watermelon_tacos.jpg 

ဖရဲသီးကို အစိမ်းပဲစားလို့ရတာမဟုတ်ပါဘူး။ တခြားအသားတွေနဲ့ရောပြီး ဟင်းချက်စားလို့လည်းရပါသေးတယ်။ ဖရဲသီးကို မီးပျော့ပျော့လေးနဲ့ ကင်ပြီး တခြားအသားတွေနဲ့ တွဲဖက်လိုက်တဲ့အခါမှာ အထဲက သကြားဓာတ်တွေပါ စိမ့်ထွက်လာပြီး ထူးခြားဆန်းသစ်တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ ဖရဲသီးကင်ရယ်၊ သိုးသားကင်ရယ်၊ သံပုရာချဉ်ရယ်ကို တွဲဖက်လိုက်တဲ့အချိန်မှာ အရသာထူးခြားကောင်းမွန်တဲ့ ဟင်းပွဲတစ်ပွဲကိုရရှိပါတယ်။

၄။ ဖရဲသီးထဲမှာ ရေဓာတ်အများကြီးပါဝင်တယ်

ဖရဲသီးရဲ့ (၉၂) ရာခိုင်နှုန်းလောက်ဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပါတယ်။ ဒါကြောင့်ဖရဲသီးတစ်လုံးစားလိုက်ရင် တစ်နေ့တာ လိုအပ်တဲ့ရေဓာတ်ကို အတိုင်းအတာတစ်ခုထိ ပြည့်ဝစေပါတယ်။ ရေချည်းပဲ သောက်နေရတာ ညည်းငွေ့သူတွေအတွက် ရေဓာတ်ပြည့်ဝနေစေဖို့ ဖရဲသီးချိုချိုအေးအေးလေးကို ပြောင်းလဲအသုံးချနိုုင်ပါတယ်။

၅။ သာမန်ထက်ကြီးတဲ့ ဖရဲသီးကြီးတွေလည်းရှိတယ်

00-biggest-watermelon-in-world-01-13-08-14.jpg 

ဂင်းနစ်မှတ်တမ်းတွေအရ ကမ္ဘာ့အကြီးမားဆုံး၊ အလေးလံဆုံးဖရဲသီးက ပေါင် (၂၇၀) တောင်လေးပါသတဲ့။ အဲဒီဖရဲသီးကြီးကို ၂၀၀၅ ခုနှစ်က အာကန်းဆက်ပြည်နယ်က လွိုက်ဘရိုက်ဆိုတဲ့ လူက စိုက်ပျိုးခဲ့ပါတယ်။

၆။ ဖရဲသီးအလှမယ်လည်း ရှိပါသေးတယ်

cpma15_cd_047_watermelon board-CD.jpg

၂၀၁၅ ခုနှစ်တုံးက အမ်မလီဘရောင်းဆိုတဲ့ သူနာပြုကျောင်းသူတစ်ဦးဟာ နိုင်ငံလုံးဆိုင်ရာဖရဲသီးအသင်းကြီးက ချီးမြှင့်တဲ့ ဖရဲသီးအလှမယ်ဘွဲ့ကိုရရှိခဲ့ပါတယ်။ သူမရဲ့အဓိကအလုပ်ဟာ ပင်လယ်ရပ်ခြားဒေသတွေကို သွားရောက်ပြီး ဖရဲသီးရဲ့ကောင်းကြောင်းတွေကိုပြောပြဖို့ပါပဲ။

၇။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်

ရေဓာတ်ပါဝင်တာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် ဖရဲသီးစားပေးသင့်တဲ့ တခြားအကြောင်းပြချက်တွေ ရှိနေပါသေးတယ်။ ဖရဲသီးမှာ anti-oxidant ကြွယ်ဝစွာပါဝင်တဲ့ ဗိုက်တာမင် အေတို့ စီတို့ ပါဝင်ပြီး ပိုတက်စီယမ်လို သတ္ထုဓာတ်တွေလည်း ကြွယ်ဝပါတယ်။ နောက်ပြီးသူ့မှာ ကိုလက်စထရော၊ အဆီနဲ့ ဆိုဒီယမ်ပါဝင်မှုလည်း အလွန်နည်းပါတယ်။ သွေးလှည့်ပတ်မှုကောင်းမွန်စေတဲ့ အမိုင်နို အက်ဆစ်တွေလည်း ကြွယ်ဝတာမို့ ပုံမှန်စားသုံးပေးသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်မယ့်လူတွေဆိုရင်လည်း နှလုံးခုန်နှုန်းနဲ့ ကြွက်သားနာကျင်မှုကို လျှော့ချဖို့အတွက် လေ့ကျင့်ခန်းမလုပ်ခင် ဖရဲသီးဖျော်ရည် တစ်ခွက်ကို သောက်ပေးသင့်ပါတယ်။ နောက်ဆုံးတစ်ခုက ဖရဲသီးမှာပါဝင်တဲ့ လိုင်ကိုပင်းဆိုတဲ့ ဓာတ်တစ်မျိုးဟာ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပါသတဲ့။

Source: Foodrepublic

Share

Loading Next Article...
က္က