ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာပေါ်မှာ ရှိလို့ရှိနေမှန်းတောင် ကျွန်တော်တို့မသိသေးတဲ့ နိုင်ငံငယ်လေးတွေလည်း ရှိနေပါသေးတယ်။


ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၂၀၀) ကျော်လောက်ရှိပြီး နိုင်ငံအားလုံးကိုမသိရင်တောင် အများစုကိုတော့ နာမည်လောက်တော့ ကြားဖူးနေကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာပေါ်မှာ ရှိလို့ရှိနေမှန်းတောင် ကျွန်တော်တို့မသိသေးတဲ့ နိုင်ငံငယ်လေးတွေလည်း ရှိနေပါသေးတယ်။ သူတို့က အလွန်သေးငယ်တဲ့ ပထဝီဝင်မြေနေရာတွေကိုပဲ ပိုင်ဆိုင်ကြပြီး တချို့နိုင်ငံတွေဆို နိုင်ငံသာဆိုတယ်။ တစ်နိုင်ငံလုံးမှာမှ မိသားစုအနည်းငယ်ပဲရှိတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ ကမ္ဘာပေါ်မှာ လူဦးရေအနည်းဆုံးနဲ့အသေးငယ်ဆုံးနိုင်ငံ (၁၀) နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပလားအူ (Palau)

14845860-29196710-1-0-1498484005-1498484009-1000-1-1498484009-1000-431eb98971-1498556485.jpg 

ပလားအူ ပြည်သူ့သမ္မတနိုင်ငံဟာ ကျွန်းငယ်လေးပေါင်း (၃၀၀) ကျော်လောက်နဲ့ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။ ပလားအူနိုင်ငံဟာ ကမ္ဘာပေါ်မှာအံ့သြစရာအကောင်းဆုံးနေရာ တစ်နေရာပါပဲ။ သူ့ရဲ့အမြဲစိမ်းသစ်တောတွေဟာ ထူးခြားတဲ့အပင်တွေ၊ ငှက်တွေနဲ့ပြည့်နှက်နေပြီး ကျွန်းပတ်လည်ကရေပိုက်နက်မှာလည်း  မျိုးတုံးတော့မယ့် ငါးမန်းမျိုးစိတ်တွေနဲ့ ခြံရံနေပါတယ်။ တိုင်းပြည်ရဲ့အကျော်ကြားဆုံး ပုံရိပ်ကတော့ ဂျယ်လီငါး အကောင် (၂) သန်းကျော်လောက်ရှိတဲ့ရေကန်ပါပဲ။

၂။ နျူးအေ (Niue)

14845910-29196810-2-0-1498484041-1498484064-1000-1-1498484064-1000-6790905053-1498556485.jpg 

နျုးအေနိုင်ငံဟာ Oceania (ပစိဖိတ်သမုဒ္ဒရာထဲကကျွန်းစု) ထဲက ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပါတယ်။ နိုင်ငံမှာအလွန်လှပတဲ့ သဘာဝရှုခင်းတွေရှိပေမယ့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတော့ တွင်ကျယ်ခြင်းမရှိပါဘူး။ ဒါကြောင့်နိုင်ငံဟာ နိုင်ငံခြား အကူအညီတွေကိုမှီခိုရပါတယ်။ အထူးသဖြင့်နယူးဇီလန်နိုင်ငံဆီကပေါ့။ နိုင်ငံရဲ့မြို့တော်ကလည်း လူဦးရေ (၆၀၀) လောက်ပဲရှိတဲ့ ရွာငယ်သာသာပါပဲ။ ဒါပေမယ့် နိုင်ငံမှာကိုယ်ပိုင်လေဆိပ်ရှိပြီး စူပါမားကက်တစ်ခုလည်းရှိပါတယ်။ (တစ်နိုင်ငံလုံးမှာ စူပါမားကက်တစ်ခုတည်းရှိတာပါ။)

၃။ စိန့်ကစ်စ်နဲ့ နီးဗစ် (Saint Kitts and Nevis)

14845960-29197010-3-0-1498484097-1498484100-1000-1-1498484100-1000-5bb90c8575-1498556485.jpg 

ဒီနိုင်ငံကိုတော့ အဓိကကျွန်း (၂) ကျွန်းနဲ့ဖွဲ့စည်းထားပါတယ်။ စိန့်ကစ်စ်နဲ့ နီးဗစ်ဆိုတဲ့ ကျွန်း (၂) ကျွန်းပါ။ နိုင်ငံရဲ့အဓိကဝင်ငွေက စီးပွားရေးဆိုင်ရာနိုင်ငံသားပရိုဂရမ်ဖြစ်ပြီး အဲဒီပရိုဂရမ်က သူတို့နိုင်ငံရဲ့သကြားထုတ်ကုန် လုပ်ငန်းထဲမှာ ဒေါ်လာ (၂၅၀၀၀၀) အနည်းဆုံးရင်းနှီးမြှုပ်နှံနိုင်မယ့်လူတိုင်းကို နိုင်ငံသားခံယူခွင့်ပေးထားတာပါ။ နောက်ထပ်နိုင်ငံသားခံယူခွင့်ရှိတဲ့ နည်းလမ်းတစ်မျိုး ကတော့ ကျွန်းပေါ်မှာ ဒေါ်လာ (၄) သိန်းထက်မနည်းတဲ့ မြေနေရာကိုဝယ်ယူမယ်ဆိုရင်လည်း နိုင်ငံသားခံယူခွင့်ရှိပါတယ်။

၄။ ဟာ့ထ်မြစ်ဝှမ်းနိုင်ငံ (မင်းသားအုပ်ချုပ်တဲ့နိုင်ငံ) (The Principality of Hutt River)

14846010-29197160-4-0-1498484137-1498484145-1000-1-1498484145-1000-49039310f9-1498556485.jpg 

ဟာ့ထ်မြစ်ဝှမ်းနိုင်ငံဟာ သြစတြေးလျနိုင်ငံမှာရှိတဲ ဟာ့ထ်မြစ်ဝှမ်းစီရင်စုဒေသမှာတည်ရှိတဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ နိုင်ငံကိုစတင်တည်ထောင်ခဲ့သူကတော့ လီယိုနာ့ထ် ကက်စလေဖြစ်ပြီး သူက သူ့ရဲ့လယ်ယာမြေကို လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ကြေညာခဲ့တာပါ။ နိုင်ငံကို တခြားဘယ်နိုင်ငံကမှအသိအမှတ်မပြုပေမယ့် နိုင်ငံမှာကိုယ်ပိုင်ငွေကြေးရှိတယ်။ ကိုယ်ပိုင်တံဆိပ်ခေါင်းရှိတယ်။ ကိုယ်ပိုင်နိုင်ငံကူး လက်မှတ်လည်းရှိပါတယ်။ နိုင်ငံရဲ့နေရာအနှံ့အပြားမှာလည်း ကမ္ဘာလှည့်ခရီးသွားတွေဟာ မင်းသားလီယိုနာ့ထ် ကက်စလေ (၁) ရဲ့ရုပ်ထုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံက (၇၅) ကီလိုမီတာစကွဲသာ ကျယ်ဝန်ပြီး စုစုပေါင်းလူဦးရေ (၃၀) ပဲနေထိုင်ပါတယ်။

၅။ တူဗားလူ (Tuvalu)

14846060-29197260-5-0-1498484181-1498484183-1000-1-1498484183-1000-ae62193f42-1498556485.jpg 

နိုင်ငံအကျယ်အဝန်း (၂၆) ကီလိုမီတာစကွဲသာ ကျယ်ဝန်းပြီး လူဦးရေ (၁၀၀၀၀) ကျော်နေထိုင်တဲ့ တူဗားလူနိုင်ငံဟာ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံပါပဲ။ နိုင်ငံမှာ အင်တာနက်ဒိုမိန်းတွေ၊ တီဗွီတွေသာမရှိရင် စီးပွားရေးအခြေအနေက ဒီထက်ပိုဆိုးရွားနိုင်ပါသတဲ့။

၆။ နာအူးရူ (Nauru)

14846110-29197410-6-0-1498484215-1498484232-1000-1-1498484232-1000-4e8ac219c7-1498556485.jpg 

ဧရိယာစတုရန်းကတော့ ၂၁ ကီလိုမီတာပဲရှိတဲ့ နာအူးရူနိုင်ငံကတော့ လူဦးရေ (၉၅၉၁) ယောက်ပဲရှိပါတယ်။ ဒီနိုင်ငံကတော့ ကမ္ဘာပေါ်မှာအသေးငယ်ဆုံးကျွန်းစုနိုင်ငံလေးပါပဲ။ နာအူးရူမှာ မြို့တော်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိသလို သယ်ယူပို့ဆောင်ရေး စနစ်လည်းမရှိပါဘူး။ မိမိတို့ရဲ့ကိုယ်ပိုင်ယာဉ်တွေကိုသာ အသုံးပြုသွားလာကြပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာလေးတွေရှိပြီး ကမ္ဘာလှည့်ခရီးသည်တွေ မနှစ်သက်ကြတဲ့အကြောင်းရင်းကတော့ အဲဒါပါပဲ။ နာအူးရူရဲ့နောက်ထပ်ထင်ရှားတဲ့အချက်တစ်ချက်ကတော့ အဝလွန်ခြင်းပါပဲ။ နိုင်ငံမှာ အဝလွန်သူဦးရေဟာ (၇၀) ရာခိုင်နှုန်းလောက် ရှိပါတယ်။

၇။ ဆီဘိုးဂါး (မင်းသားအုပ်ချုပ်တဲ့နိုင်ငံ) (The Principality of Seborga)

14846160-29197610-7-0-1498484262-1498484266-1000-1-1498484266-1000-be62ea8895-1498556485.jpg 

အီတလီပိုင်နက်ထဲမှာရှိတဲ့ ဒီနိုင်ငံငယ်လေးကို မင်းသားမာဆယ်လို (၁)က အုပ်ချုပ်ပါတယ်။ တကယ်တော့ ဒီနိုင်ငံဟာ ပြင်သစ်နယ်စပ်နားမှာရှိတဲ့ ရွာငယ်လေးတစ်ရွာမျှသာပါပဲ။ အကျယ်အဝန်း (၄.၉၁) စတုရန်းကီလိုမီတာပဲရှိပြီး လူဦးရေကတော့ (၃၁၂) ယောက်ပဲရှိပါတယ်။ နိုင်ငံရဲ့စပ်တပ်အင်အားကလည်း တကယ်ကြီးမားပါတယ်။ ကာကွယ်ရေးဝန်ကြီးနဲ့ သက်တော်စောင့် (၂) ယောက်ပဲရှိပါတယ်။ :3

၈။ မိုလောစီးယား (Molossia)

14846210-29198560-8-0-1498484297-1498484306-1000-1-1498484306-1000-dd581a3bae-1498556485.jpg 

မိုလောစီးယားပြည်သူ့သမ္မတနိုင်ငံကတော့ အမေရိကန်နိုင်ငံ နီဗားနားပြည်နယ်ထဲမှာတည်ရှိပြီး ကယ်လ်ဗင်ဘော့ဆိုတဲ့လူက ကိုယ့်ဖာသာတည်ထောင်၊ ကိုယ့်ဖာသာအတည်ပြုထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံမှာနေထိုင်သူတွေကတော့ သမ္မတကြီး မစ္စတာဘော့ရယ်၊ သူ့မိသားစုရယ်၊ သူမွေးထားတဲ့ ခွေး (၃)ကောင်ရယ်၊ ကြောင်တစ်ကောင်ရယ်၊ ယုန်တစ်ကောင်ရယ်ပဲဖြစ်ပါတယ်။ မိုလောစီးယားနိုင်ငံမှာ ကိုယ်ပိုင် နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အမှတ်တံဆိပ်နဲ့ နိုင်ငံတော်အလံရှိပါတယ်။ နိုင်ငံတွင်းမှာ ကြီးမားတဲ့ပြစ်မှုကိုကျူးလွန်ရင် သေဒဏ်ပေးလို့လည်းရပါသေးတယ်။ နိုင်ငံမှာကိုယ်ပိုင်နိုင်ငံကူးလက်မှတ်ရှိသလို အာကာသယာဉ်လွှတ်တင်မယ့်အစီအစဉ်တွေတောင်မှ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ မေလတုံးက မိုလောစီးယားပြည်သူ့သမ္မတနိုင်ငံဟာ သက်တမ်းအနှစ် (၄၀) ပြည့်ခဲ့ပါတယ်။

၉။ မောလ်တာ (Sovereign Military Order of Malta)

14846260-29198760-9-0-1498484340-1498484356-1000-1-1498484356-1000-3f463100a9-1498556485.jpg 

ဗာလ်တီကန်မြို့တော်လိုပဲ ရောမပိုင်နက်ထဲမှာ နိုင်ငံငယ်လေးတစ်ခုရှိနေပါသေးတယ်။ အဲဒီနိုင်ငံလေးကတော့ မောလ်တာ (Sovereign Military Order of Malta) ဖြစ်ပြီး ဧရိယာစတုရန်းကီလိုမီတာကတော့ (ဝ.၀၁၂) ပဲရှိပါတယ်။ နိုင်ငံမှာ အဆောက်အဦး (၃) ခုရှိပါတယ်။ (၂) ခုက ရောမမြို့ထဲမှာတည်ရှိပြီး နောက်တစ်ခုကတော့ မောလ်တာကျွန်းပေါ်မှာတည်ရှိပါတယ်။ နိုင်ငံမှာ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်တံဆိပ်ခေါင်း၊ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်၊ ကိုယ်ပိုင်ကားနံပါတ်၊ ကိုယ်ပိုုင်နိုင်ငံကူးလက်မှတ်ရှိပါတယ်။ နိုင်ငံသားတွေဟာ ကမ္ဘာနိုင်ငံတော်တော်များများကို ဗီဇာမလိုဘဲသွားရောက်နိုင်ကြပါတယ်။ ဒီနိုင်ငံကတော့ လက်တင်ဘာသာစကားကို နိုင်ငံတော်ဘာသာစကားအဖြစ်အသုံးပြုတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။

၁၀။ ဆီးလန်း (မင်းသားအုပ်ချုပ်တဲ့နိုင်ငံ) (The Principality of Sealand)

14846310-29198910-10-0-1498484389-1498484397-1000-1-1498484397-1000-d58c40e7d5-1498556485.jpg 

ဗြိတိန်ကမ်းရိုးတန်းနဲ့ (၆) မိုင်အကွာက ပင်လယ်ပြင်ထဲက စင်မြင့်တစ်ခုပေါ်မှာ နိုင်ငံတစ်နိုင်ငံတည်ရှိနေတယ်ဆိုတာကို သိကြပါသလား။ ဆီးလန်းနိုင်ငံကို သူ့ကိုယ်သူမင်းသားအဖြစ်တင်မြှောက်ထားတဲ့ မင်းသား ရီးဂျန့်အုပ်ချုပ်ပြီး အဲဒီနိုင်ငံမှာလူတိုင်းလူတိုင်းက မြို့အုပ်တွေ၊ မြို့စားတွေ ဖြစ်နိုင်ပါတယ်။ ဗြိတိန်ပေါင်ရာဂဏန်းလောက်ပေးလိုက်ရင် နိုင်ငံရဲ့ဝက်ဘ်ဆိုဒ်ပေါ်မှာ ဘွဲ့ထူး၊ ဂုဏ်ထူး၊ ရာထူးတွေကို ဝယ်ယူနိုင်ပါတယ်။

Source: Brightside.me

Share

Loading Next Article...
က္က