တနည်းအားဖြင့် ပြောရရင် ကော်ဖီဆိုတာ မနက်ခင်းအချိန်ရဲ့ စိတ်ကြည်ဆေးလေးပါပဲ။


ဒီတစ်ခုကိုတော့ ဝန်ခံလိုက်ကြရအောင်။ ကျွန်တော်တို့အများစုဟာ အိပ်ယာနိုးပြီးဆိုရင် တသမ်းသမ်းတဝေဝေနဲ့ခြေတရွတ်တိုက်ဆွဲပြီး အိပ်ယာထဲက မထချင်ထချင် ထလာရပါတယ်။ ဘယ်လောက်အိပ်အိပ် အိပ်ရေးဝတယ်လို့လည်း မခံစားရပါဘူး။ ဒါပေမယ့် မနက်ချိန်ခါမှာ ကော်ဖီနံ့မွှေးမွှေးလေးရလိုက်ပြီဆိုရင်တော့ ကော်ဖီအိုးရှိနေတဲ့နေရာဆီကို အရင်ဆုံးရောက်အောင်သွားတတ်ကြပါတယ်။ တနည်းအားဖြင့် ပြောရရင် ကော်ဖီဆိုတာ မနက်ခင်းအချိန်ရဲ့ စိတ်ကြည်ဆေးလေးပါပဲ။

ဒါတင်မကသေးပါဘူး။ လေ့လာမှုတွေရဲ့အဆိုအရဆိုရင် တစ်နေ့ကိုကော်ဖီ (၃) ခွက်လောက်သောက်မယ်ဆိုရင် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်တဲ့။ ကော်ဖီခွက်တစ်ခွက်ကို ဘေးမှာချထားရင်း ဖတ်ကြည့်လိုက်ကြရအောင်။



၁။ ရောဂါတွေကိုတိုက်ဖျက်နိုင်တယ်

ကော်ဖီမှာပါဝင်တယ်လို့ လူသိများတဲ့ ကဖင်းဓာတ်မှာ ကျန်းမာရေးကိုအထောက်အကူပြုစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ အထူးသဖြင့် ကဖင်းဓာတ်ဟာ ဦးနှောက်ဆဲလ်တွေကို ပါကင်ဆန်ရောဂါလို့ခေါ်တဲ့ ဦးနှောက်ဆဲလ်တွေ တဖြည်းဖြည်း သေသွားတဲ့ရောဂါ၊ မှတ်ဉာဏ်အားနည်းတဲ့ရောဂါ၊ အယ်ဇိုင်းမားလို့ခေါ်တဲ့ အရာရာတိုင်းကိုမေ့လျော့သွားတဲ့ရောဂါ အစရှိတဲ့ ဦးနှောက်ရောဂါတွေဖြစ်မလာအောင် ဦးနှောက်ဆဲလ်တွေကို ကူညီကာကွယ်ပေးပါတယ်။

ဒါတင်မကသေးပါဘူး။ ကော်ဖီထဲမှာပါဝင်တဲ့ antioxidant တွေဟာ အသည်းရောဂါတွေဖြစ်မလာအောင်လည်း ကာကွယ်တားဆီးပေးပါသေးတယ်တဲ့။

၂။ ဦးနှောက်ကိုနိုးကြားထက်မြက်စေတယ်

50ec0c4da0c1048eebb2c95fac864ddc.jpg 

စာမေးပွဲနီးလို့အသည်းအသည်စာကျက်နေရတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက်တော့ ကော်ဖီမွှေးမွှေးလေးတစ်ခွက်က အိပ်ရေးပြေစေရုံသာမက ဦးနှောက်ရဲ့မှတ်သားနိုင်စွမ်းကောင်းမွန်အောင်လည်း ကူညီပေးပါတယ်။ နောက်ပြီး တစ်ချက်တစ်ချက်မှေးစင်းသွားတတ်တဲ့ ကမ္ဘာ့အလေးဆုံးပစ္စည်း :P (မျက်ခွံ) ကိုလည်း မှေးစင်းမသွားအောင် ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်က ကူညီပင့်တင်ပေးပါတယ်။

၃။ ကိုယ်အလေးချိန်ကျစေတယ်

couple-weight-loss.jpg 

ကော်ဖီထဲမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲက ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေပြီး အဆီတွေကိုလည်း ပိုမိုလွယ်ကူလျင်မြန်စွာ လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ခြင်းဟာ အဝလွန်ရောဂါဖြစ်ပွားမှုမှလည်း ကာကွယ်ပေးနိုင်တာတော့ အသေအချာပါပဲ။ နောက်ပြီး ကော်ဖီဟာ သောက်စရာအဖျော်ယမကာတွေထဲမှာ ကယ်လိုရီ နည်းနည်းလေးပဲပါဝင်တဲ့ သောက်စရာတွေထဲမှာလည်း တစ်ခုအပါအဝင်ပါပဲ။

၄။ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးတယ်

တစ်နေ့မှာ ကော်ဖီတစ်ခွက်ပဲသောက်သုံးခြင်းက ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ခြေကို (၁၃) ရာခိုင်နှုန်းလောက် လျော့ကျစေပါတယ်တဲ့။ နောက်ပြီး တစ်နေ့ (၁၀) ခွက်ကျော်သောက်မယ်ဆိုရင်တော့ ဆီးချို သွေးချိုရောဂါဖြစ်ပွားနိုင်ခြေက (၆၇) ရာခိုင်နှုန်းထိ လျော့ကျစေပါတယ်တဲ့။ ဒါပေမယ့် တစ်နေ့ (၁၀) ခွက်ကျော်မသောက်ခင် ဆရာဝန်နဲ့တော့ အရင်တိုင်ပင် ကြည့်ပါဦး။ မိမိရဲ့ခန္ဓာကိုယ်က ကဖင်းအဲလောက် များများ လက်ခံနိုင်စွမ်းရှိမရှိဆိုတာကို။

၅။ စိတ်ဓာတ်ကျခြင်းကို သက်သာစေတယ်

04-overcoming-depression-coffee.jpg 

အမျိုးသားကျန်းမာရေးသိပ္ပံနဲ့ AARP ရဲ့ပူးတွဲသုတေသနအရ တစ်နေ့ကို ကော်ဖီ (၄) ခွက်နဲ့အထက် သောက်တဲ့လူတွေက ကော်ဖီလုံးဝမသောက်တဲ့လူတွေထက်စာရင် စိတ်ကျရောဂါဖြစ်ပွားနိုင်ခြေ (၁၀) ရာခိုင်နှုန်း လျော့နည်းစေပါတယ်တဲ့။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက ကော်ဖီလိုပဲ ကဖင်းဓာတ်ပါဝင်တဲ့ အဖျော်ယမကာဖြစ်တဲ့ ကိုလာလိုမျိုး သောက်စရာတွေမှာတော့ ဒီလိုမျိုးရလဒ်တွေ့ရှိရခြင်း မရှိပါဘူးတဲ့။

ပြောင်းပြန်ပါပဲ။ ကိုလာအသောက်များသူတွေက စိတ်ကျရောဂါဖြစ်ပွားနိုင်ခြေတောင်ပိုများပါသေးသတဲ့။ ဖြစ်နိုင်ခြေရှိတာကတော့ လေ့လာမှုတွေရဲ့အဆိုအရ ကော်ဖီတွေထဲမှာမှ ဘလက်ခ်ကော်ဖီက အကျိုးကျေးဇူး အများဆုံးလို့ဆိုထားပြီး (ဘလက်ခ်ကော်ဖီက အချိုဓာတ်အနည်းဆုံး) ကိုလာမှာအချိုဓာတ်အများကြီးပါဝင်နေတော့ သောက်သုံးသူတွေကို စိတ်ကျရောဂါဖြစ်ပွားနိုင်ခြေ ပိုများစေနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Source: Espressoshots


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က