ကမ္ဘာ့အဆင့်တစ်နေရာကို ငါးနှစ်ဆက်ရခဲ့တဲ့ လေဆိပ်ကတော့......

Skytrax ဝက်ဘ်ဆိုက်ဟာ လေကြောင်းခရီးသွားလာနေသူတွေထံက မဲပေးရွေးချယ်မှုတွေကို ကောက်ခံပြီး နှစ်စဉ် အကောင်းဆုံးလေဆိပ်များစာရင်းကို ထုတ်ပြန်လေ့ရှိပါတယ်။ အကောင်းဆုံးလေကြောင်းလိုင်းတွေကိုလည်း ထုတ်ပြန်ကြေညာကာ ဆုပေးအပ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးလေဆိပ်များ စာရင်းကိုလည်း ထုတ်ပြန်လိုက်ပါပြီ။ Skytrax ရဲ့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ အကောင်းဆုံးလေဆိပ် ၁၅ ခုအနက် ထိပ်ဆုံးကလေဆိပ်တွေကို ဖော်ပြလိုက်ပါတယ်။

၅။ Hong Kong International Airport (HKG)

5-hong-kong-international-airport-hkg.jpg 

ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ နှစ်စဉ် ခရီးသည်ပေါင်း ၆၈.၃ သန်းလောက် ဝင်ထွက်သွားလာကြတဲ့ လေဆိပ်ဖြစ်ပါတယ်။ လူလုပ်ကျွန်းနဲ့ကမ်းရိုးတမ်းအတုကို ဆောက်လုပ်ထားလို့ ဟောင်ကောင်လေဆိပ်က နာမည်ကြီးပါတယ်။ ၁၉၉၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ချိန်ကတည်းက ပေါ်ပြူလာဖြစ်ခဲ့တာပါ။ အာရှရဲ့ အစည်ကားဆုံးလေဆိပ်တွေထဲက တစ်ခုအပါအဝင်လည်း ဖြစ်တယ်။

၄။ Munich Airport (MUC)

4-munich-airport-muc.jpg 

ဂျာမနီနိုင်ငံရှိ မြူးနစ်လေဆိပ်ဟာ ကမ္ဘာ့အကောင်းဆုံးလေဆိပ်စာရင်းမှာ ဒီနှစ်တော့ အဆင့် ၄ နေရာမှာသာ ရပ်တည်ခွင့်ရပါတယ်။ ယမန်နှစ်က အဆင့် ၃ နေရာ ရခဲ့တာပါ။ ဥရောပရဲ့ အစည်ကားဆုံးလေဆိပ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး Frankfurt လေဆိပ်ပြီးရင် ဂျာမနီရဲ့ ဒုတိယမြောက် အစည်ကားဆုံးလေဆိပ်လည်းဖြစ်တယ်။ ဖန်သားနဲ့ဆောက်လုပ်ထားတဲ့ ဗိသုကာလက်ရာကြောင့် မြူးနစ်လေဆိပ်ရဲ့အလှက ကျော်ကြားရပါတယ်။ ဂေါ့ဖ်ရိုက်လို့ရတဲ့နေရာလည်းရှိပြီး သမိုင်းဝင်လေယာဉ်ကိုလည်း ပြသထားပါတယ်။ မြူးနစ်လေဆိပ်ကို နှစ်စဉ် ခရီးသည်ပေါင်း ၄၂.၃ သန်း ဝင်ထွက်သွားလာနေကြပါတယ်။

၃။ Incheon International Airport (ICN)

3-incheon-international-airport-icn.jpg 

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာလေဆိပ်ဟာ နှစ်စဉ် ခရီးသည်ဝင်ထွက်သွားလာမှု ၄၉.၃ သန်း ရှိပါတယ်။ ယမန်နှစ်ကတော့ Skytrax ရဲ့ အကောင်းဆုံးလေဆိပ်များစာရင်းမှာ အဆင့် ၂ နေရာရခဲ့တာပါ။ ကမ္ဘာ့အဆင့် အထက်တန်းစားလေဆိပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့တာပါ။ လေဆိပ်ထဲမှာ ဈေးဝယ်ထွက်နိုင်သလို ယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ကိုရီးယားရိုးရာယဉ်ကျေးမှုပြတိုက်တစ်ခုလည်း လေဆိပ်ထဲမှာ ရှိပါတယ်။

၂။ Tokyo Haneda International Airport (HND)

2-tokyo-haneda-international-airport-hnd.jpg 

ဂျပန်နိုင်ငံ တိုကျိုမြို့က တိုကျိူဟာနဲဒါး အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ယခုနှစ်မှာ လူကြိုက်ပိုများပြီး ရေပန်းစားလာခဲ့ပါတယ်။ မနှစ်က ထုတ်ပြန်တဲ့ ကမ္ဘာ့အကောင်းဆုံးလေဆိပ်မှာ တိုကျိုဟာနဲဒါးက အဆင့် ၄ နေရာမှာ ရှိခဲ့ပေမဲ့ ဒီနှစ်တော့ အဆင့် ၂ နေရာကို ရောက်လာပါတယ်။ ဝန်ဆောင်မှုကောင်းသလို သန့်ရှင်းမှုကြောင့်လည်း နာမည်ရတဲ့လေဆိပ်ပါ။ နှစ်စဉ် ခရီးသည်ဝင်ထွက်မှု ၇၅.၃ သန်း ရှိပါတယ်။

၁။ Singapore Changi International Airport (SIN)

1-singapore-changi-international-airport-sin.jpg 

ချန်ဂီလေဆိပ်ရဲ့ ဂုဏ်သတင်းကတော့ လတ်တလောမှာ ရေပန်းအစားဆုံးဖြစ်နေပြန်တယ်လေ။ မနှစ်ကလည်း ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် သတ်မှတ်ခံရသလို ဒီနှစ်မှာလည်း ဆက်လက်နေရာယူထားပြန်ပါတယ်။ ဒီနှစ်နဲ့ဆို ငါးနှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံးလေဆိပ်နေရာကို ရထားတာပါ။ လေဆိပ်အဆောက်အအုံရဲ့ လှပတဲ့ ဗိသုကာလက်ရာကြောင့် ကျော်ကြားပါတယ်။ Operation ပိုင်းမှာလည်း ကောင်းမွန်သလို လုံခြုံစိတ်ချရမှုလည်း အပြည့်အဝရှိပါတယ်။ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံ၊ spa တွေလည်း ထည့်သွင်းထားတယ်။ ဒါ့အပြင် ချန်ဂီလေဆိပ်ဟာ အမြဲတမ်းလိုလို ကောင်းသထက်ကောင်းအောင် မွမ်းမံနေတာကြောင့်လည်း ကမ္ဘာ့ထိပ်တန်းနေရာမှာ အချိန်ကြာကြာ ရပ်တည်နိုင်တာ ဖြစ်ပါလိမ့်မယ်။ ဒီလေဆိပ်ကို နှစ်စဉ် ခရီးသည်ပေါင်း ၅၅.၄ သန်း ဝင်ထွက်သွားလာနေကြလေရဲ့။

Source : Business Insider

Share

Loading Next Article...
က္က