New York Sour ဆိုရင် ဝိုင်လေးနဲ့ရောထားတာ။

ဘော်ဒါတွေနဲ့ အိမ်မှာစုပြီး စားကြသောက်ကြမယ်၊ စကားပြောကြမယ်ဆိုရင် သောက်စရာလေးတစ်ခုခုတော့ ထည့်လေ့ရှိကြတယ်။ အယ်လ်ကိုဟောကို ဒီအတိုင်းသောက်တာထက် ကော့တေးအနေနဲ့ ဖျော်စပ်ပြီးသောက်တာက ဘေးကင်းတာပေါ့။ ဝီစကီကော့တေးတွေထဲက အလွယ်ဆုံးနည်းတွေကို ပြောပြမယ်ဗျာ...။

၁။ Brown Derby

recipe-1.jpg 

ဝီစကီကို ချဉ်ချဉ်လေး သောက်ကြည့်ချင်လား? Brown Derby က သံပရာသီးနဲ့ သကြားရည်မပါဘဲ အရသာချဉ်ချဉ်လေး ပေးစွမ်းမယ့် ကော့တေးမျိုးပါ။ ဂရိတ်ဖရုသီးနဲ့ ပျားရည်ကို အသုံးပြုပါတယ်။ ချဉ်ချိုခါး အရသာလေး ဖြစ်ပါတယ်။

၂။ The Inside Job

Incide.jpg 

အသည်းထဲစွဲသွားမယ့် ကော့တေးမျိုးလို့ ဆိုရမယ်။ ဝီစကီကို အီတလီချယ်ရီအဖျော်ယမကာနဲ့ ရောစပ်ထားတဲ့ မွှေးမြချိုပြင်းတဲ့ အရသာမျိုးပါ။ သကြားရည်၊ Absinthe နဲ့ Angostura bitters (အခါးရည်) တို့ကို ရောစပ်ကာ ဖျော်ရပါတယ်။ ချယ်ရီရဲ့ချိုမြမွှေးပျံ့မှုနဲ့အတူ ခါးသက်သက်အရသာကို ခံစားရပါလိမ့်မယ်။

၃။ New York Sour

 

ဒါလည်းပဲ ခပ်ချဉ်ချဉ်အရသာရှိတဲ့ ဝီစကီကော့တေး ဖြစ်ပါတယ်။ ဝီစကီ၊ အချိုရည်၊ သံပရိုရည်နဲ့ ဝိုင်နီတို့ကို ရောကာ ဖျော်စပ်ရပါတယ်။ တချို့တော့ ကြက်ဥအစိမ်းရဲ့ အကာကိုလည်း ထည့်ကြတယ်။ ဝိုင်ကို ချန်ထားပြီး ပါဝင်ပစ္စည်းတွေကို အရင်ဆုံးဖျော်စပ်ရတယ်။ ရေခဲထည့်ပြီးတော့မှ ခွက်ထဲကို ဝိုင်လေးလောင်းထည့်ပေးရပါတယ်။

Source : Liquor

Share

Loading Next Article...
က္က