နောက်ဆို ခေါင်းမစားရတော့ဘူး။

အိမ်ရှင်မတွေရော တစ်ကိုယ်တည်းချက်ပြုတ်စားသူတွေရော အသုံးဝင်စေမယ့် လျှို့ဝှက်ချက်လေးတွေကို ပြောမလို့ပါ။ မီးဖိုချောင်ထဲမှာ ကုန်ရတဲ့အချိန်၊ စိုက်ထုတ်ရတဲ့ခွန်အား နည်းသွားစေမယ့် နည်းလေးတွေ ဖြစ်ပါတယ်။

 

၁။ သလဲသီးကို အစေ့ထုတ်ချင်ရင် အရင်ဆုံး ထက်ခြမ်းခြမ်းပါ။ အခွံမနွှာခင်မှာ အခွံအပြင်ကနေ သစ်သားဇွန်းလေးနဲ့ ခေါက်ပေးရင် အစေ့တွေ အလွယ်တကူ ထုတ်လို့ရသွားတယ်။

 

၂။ ကြက်ဥ/ဘဲဥတွေ ကွဲသွားပြီဆို လွှင့်မပစ်လိုက်နဲ့။ ပလတ်စတစ်အိတ်ထဲထည့်၊ အိတ်ကိုလုံအောင်ချည်ပြီးရင် ရေနွေးထဲမှာ ၃ မိနစ်လောက် ပြုတ်ရုံနဲ့ ကြက်ဥပြုတ်ကောင်းကောင်း စားလို့ရပြီ။

 

၃။ ငါးကင် ကင်တဲ့အခါ သံဇကာပြားမှာ ကပ်မနေချင်ရင် ငါးအောက်မှာ သံပရိုသီးလေးတွေ အကွင်းလိုက်လှီးပြီးခံထားလိုက်ပါ။

 

၄။ ဘူးတွေ ပုလင်းဖုံးတွေ အရမ်းကြပ်နေလို့ ဖွင့်ရခက်ရင် သားရေကွင်းနဲ့ ရာဘာလက်အိတ်ကိုသုံး။ ပုလင်းဖုံးကို သားရေကွင်းနဲ့ ကြပ်နေအောင်စည်းပြီး လက်အိတ်စွပ်ပြီးဖွင့်ကြည့်။ ဖွင့်ရမခက်တော့ဘူး။

 

၅။ ဝိုင်ပုလင်းကို အမြန်အေးချင်ရင် ရေစိုဝတ်နဲ့ ပုလင်းကိုပတ်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်လောက် ထားလိုက်တာ အမြန်ဆုံးနည်းပဲ။ ရေခဲပုံးထဲထည့်တာထက် ပိုမြန်တယ်။

Source : Bright Side

Share

Loading Next Article...
က္က