မဆလာ လုံးဝမပါဘဲ အာလူးမဆလာကြော်လေး လုပ်ကြမယ်။

အာလူးကြော်ဆိုတာ ဘယ်လိုပဲ ကျန်းမာရေးနဲ့မညီညွတ်ဘူးပြောပြော မစားဘဲကို မနေနိုင်တဲ့ အကြိုက်ဆုံးစားစရာပဲ။ အာလူးကြော် အစပ်လေးများ စားလိုက်ရရင် အရမ်းကိုနေလို့ကောင်းတာ။ ဒါပေမဲ့ ဆီတွေ၊ ဟင်းခတ်မှုန့်တွေနဲ့တော့ ဒုက္ခပါပဲ။ မစားဘဲမနေနိုင်တော့လည်း ရှာကြံချက်ရတာပေါ့။

 

ဒီတော့ကာ အာလူးကြော်ကို စတိုင်တစ်မျိုးနဲ့ ချဉ်ငံစပ်လေး လုပ်စားကြရအောင်။ အိန္ဒိယစတိုင်လ် အာလူးမဆလာ ချဉ်ငံစပ်လေး လုပ်စားမယ်ဆိုရင် အာလူး ၄၀၀ ဂရမ်၊ ဆီ၊ ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မဆလာ၊ ဇီရာစေ့ထောင်း၊ နံနံစေ့လှော်ထောင်း၊ ခရမ်းချဉ်သီးနှစ်၊ ဆား၊ သံပရာရည်၊ ဒိန်ချဉ်တို့ လိုအပ်ပါတယ်။ ကြက်သွန်နီကို သေးသေးလေးတွေ လှီးထားပါ။ ကြက်သွန်ဖြူနဲ့ဂျင်းကို ထောင်းထားပါ။ အာလူးကိုတော့ အခွံနွှာပြီး အချောင်းလေးတွေလှီးကာ အပူချိန် ၁၀၈ ဒီဂရီနဲ့ မိနစ် ၂၀ ဖုတ်ထားပါ။

 

ဒယ်အိုးကိုမီးပေါ်တင်ပြီး ပူလာရင် ဆီထည့်၊ ထောပတ်ထည့်ပါ။ ဆီဆူလာရင် ဂျင်းနဲ့ကြက်သွန်ဖြူ ထောင်းထားတာကိုထည့်ပါ။ ကြက်သွန်နီကို ထပ်ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာတော့မှ ငရုတ်သီးမှုန့်၊ ဇီရာစေ့လှော်ထောင်း၊ နံနံစေ့လှော်ထောင်းတို့ကို လက်ဖက်စားဇွန်း ၁ ဇွန်းစာစီ ထည့်ပေးရပါမယ်။ အိုးကိုတော့ အဆက်မပြတ် မွှေနေပါ။ ဆား၊ ငြုပ်ကောင်းမှုန့် ထပ်ထည့််ပါ။ နောက်ဆုံးမှာ ခရမ်းချဉ်သီးနှစ်ကို ထည့်ပြီး ရေခမ်းအောင် တည်ပေးရပါမယ်။

အနှစ်တွေဖြစ်ပြီဆိုရင်တော့ ဖုတ်ထားတဲ့အာလူးကို ထည့်မွှေပေးရပါမယ်။ အနံ့အရသာ ပိုကောင်းသွားအောင် ဒိန်ချဉ်နဲ့ နံနံပင်လေး ဖြူးပြီးရင် သုံးဆောင်လို့ ရပါပြီ။

 

Source : Tasty

Share

Loading Next Article...
က္က