မြန်မာ့နည်းကတော့ ဖရဲသီးကို လက်နဲ့ပုတ်ပြီး အသံနားထောင်ရွေးတာ။

အရင်တုန်းကတော့ ဖရဲသီးစားချင်ရင် နွေရာသီပဲစားရတာ။ ခုတော့ ဖရဲသီးက အချိန်တိုင်း စားလို့ရနေပြီ။ ဖရဲသီးစားရတဲ့အခါ ရင်ထဲမှာ အေးသွားရော။ ဖရဲသီးကြိုက်တယ်ဆို ဖရဲသီးကောင်းကောင်း ရွေးတတ်ဖို့လိုတယ်။

 

ကိုယ်က မရွေးတတ်ဘဲ အလုံးကြီးရင်ပြီးရောဆိုပြီး စွတ်ဝယ်လာပြီးမှ ဖရဲသီးနုလို့ လွှင့်ပစ်လိုက်ရတာ နှမျောစရာကြီး။ ဒီတော့ မဝယ်ခင်တည်းကနေ ဖရဲသီးကောင်းကောင်းကိုရွေးတတ်ဖို့လိုတယ်။ ဈေးသည်ကိုရွေးခိုင်းရင် ဂျင်းထည့်ခံရမှာ။

 

ဖရဲသီးရွေးမယ်ဆို ဖရဲသီးအောက်ခြေနားလေးကိုကြည့်ပါ။ ဖရဲသီးအညှာနဲ့ မြေပြင်နဲ့ ထိတဲ့နေရာလေးက ဖြူနေရင် ဖရဲသီးကောင်းဖြစ်ပါတယ်။ ဝါနေရင်တော့ ရှယ်ဖရဲသီးဖြစ်သွားပြီ။

 

ဖရဲသီးအလုံးက ခပ်ရှည်ရှည်ဆိုရင် အရည်ရွှမ်းတယ်၊ ပုဝိုင်းဝိုင်းလေးဆို အရသာကချိုတယ်။

 

ဖရဲသီးအညှာ မကြွေသေးဘူးဆိုရင် အညှာကိုကြည့်လိုက်ပါ။ အညှာလေးက ခြောက်သွေ့မနေဘဲ စိမ်းနေတယ်ဆို ဖရဲသီးက မမှည့်သေးပါဘူး။ နုပါသေးတယ်။

Source : Brigt Side

Share

Loading Next Article...
က္က