ဥရောပအစားအစာတွေက တစ်ခါတလေမှာ အာရှပါးစပ်နဲ့ခံတွင်းမတွေ့တတ်ဘူး ဆိုပေမယ့် အရသာအပြောင်းအလဲလေးအဖြစ် စားလို့ကောင်းပါတယ်။
 

ဥရောပအစားအစာနှစ်သက်တဲ့သူတွေရှိလား။ ဥရောပအစားအစာတွေက တစ်ခါတလေမှာ အာရှပါးစပ်နဲ့ခံတွင်းမတွေ့တတ်ဘူး ဆိုပေမယ့် အရသာအပြောင်းအလဲလေးအဖြစ် စားလို့ကောင်းပါတယ်။ ဥပမာ... ကျွန်တော်တို့ဆီမှာ နှစ်သက်စွာစားသုံးနေကြတဲ့ ပီဇာတို့၊ စပါဂတ်တီတို့ဆိုရင် အီတလီအစားအစာ (ဥရောပအစားအစာ) တစ်မျိုးပါပဲ။ ဒီနေ့မှာ အရသာအပြောင်းအလဲလေးဖြစ်အောင် စပိန်ရိုးရာ အာလူးကြက်ဥကြော်လေး ကြော်စားကြရအောင်။

ပါဝင်ပစ္စည်းတွေကတော့... ကြက်ဥ (၆) လုံး၊ အခွန်သင်ပြီး အာလူး (၁) ပေါင်ခွဲ၊ သံလွင်ဆီ (၁) ခွက်ခွဲခန့်၊ ကြက်သွန်နီအရွယ်တော် (၁) လုံး၊ နံနံပင်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး အရွယ်တော်ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥ (၆) လုံးခန့်ကို ဆား စားပွဲတင်ဇွန်း (၁)ဇွန်းနဲ့ ခလောက်ထားလိုက်ပါ။ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာတော့ တစ်လက်မရဲ့ (၈)ပုံ (၁) ပုံအရွယ် လှီးဖြတ်ထားတဲ့ အခွံချွတ်ပြီး အာလူးပြားလေးတွေကို ဆား စားပွဲတင်ဇွန်းနဲ့ လေးပုံတစ်ပုံလောက်နဲ့ ရောထားလိုက်ပါ။

ပြီးရင် (၁၀) လက်မအရွယ် ဒယ်အိုးပြားတစ်ချပ်ထဲမှာ သံလွင်ဆီကိုထည့်ပြီး အပူပေးလိုက်ပါ။ သံလွင်ဆီက Extra Virgin Olive Oil ဆိုရင်ပိုကောင်းပါတယ်။ ပြီးရင်ဆီပူထဲမှာ အာလူးတွေကိုပစ်ထည့်ပြီး (၁၀) မိနစ် (၁၂) မိနစ်လောက်ကြာအောင် ကြော်လိုက်ပါ။ ပြီးရင် ဇွန်းတစ်ချောင်းနဲ့ အာလူးပြားလေးတွေကို ဆယ်ပြီး ပန်းကန်လုံးတစ်လုံးထဲထည့်ထားလိုက်ပါ။

ကြက်သွန်နီကို ပါးပါးလှီးပြီး ဒယ်အိုးပြားထဲထည့်လိုက်ပါ။ သူ့ကိုလည်း (၁၂) မိနစ်လောက်ကြော်ပေးပြီး အရောင်ပြောင်းလာပြီ ဆိုတော့မှ ဆယ်လိုက်ပါ။ ပြီးရင် အာလူးတွေထည့်ထားတဲ့ ပန်းကန်လုံးထဲ လှယ်ထည့်လိုက်ပါ။ ခဏအအေးခံထားပြီးမှ အစောပိုင်းက ခလောက်ထားတဲ့ ကြက်ဥနဲ့ရောပေးလိုက်ပါ။

ဒယ်အိုးပြားထဲမှာတော့ ဆီကို လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာလောက်ပဲကျန်တဲ့အထိ ဖယ်ထုတ်လိုက်ပါ။ (ဖယ်ထုတ်လိုက်တဲ့ဆီတွေကို တခြားနေရာမှာ ပြန်သုံးလို့ရပါတယ်။) ပြီးရင် မီးခပ်ပျော့ပျော့နဲ့ တစ်မိနစ်ခန့် အပူပေးလိုက်ပါ။ ရပြီဆိုရင် ကြက်ဥ-အာလူးအရော အနှစ်ကို ဒယ်အိုးပြားထဲထည့်ကြော်လိုက်ပါ။ မီးအပူကိုလည်း နည်းနည်းလျှော့ချလိုက်ပါ။ သတိပြုရမှာတစ်ခုက ကြက်ဥ-အာလူး အနှစ်ကို ဒယ်အိုးပြားတစ်ခုလုံးနှံ့သွားအောင် ဖြန့်ပေးဖို့ပါပဲ။ ပြီးရင် အရောင်ပြောင်းသွားသည်အထိ (၇) မိနစ်ခန့်ကြော်ပေးပါ။

ပြီးရင်တော့ အပေါ်အောက်အကျက်ညီသွားအောင် ထက်အောက်ပြောင်းပြန်လှန်လိုက်ပါဦး။ (၃) မိနစ်လောက်ထပ်ကြော်ပြီးရင်တော့ မီးဖိုပေါ်ကချလို့ရပါပြီ။ အသင့်ပြင်ထားတဲ့ နံနံပင်လေးနဲ့ အုပ်ပေးလိုက်ရင်တော့ အရသာရှိတဲ့ စပိန်အာလူးကြက်ဥမွှေကြော်လေးကို ရရှိပါပြီ။

Source: Goodhousekeeping


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က