နာနတ်သီးကို ဘာဘီကျူးကင်လုပ်စားခြင်းဟာ အသားကင်ဘာဘီကျူးတွေနေရာမှာ အစားထိုးစားသုံးနိုင်တဲ့ အကောင်းဆုံး အစားအစာတစ်မျိုးပါပဲ။

နာနတ်သီးကို ဘာဘီကျူးကင်လုပ်စားခြင်းဟာ အသားကင်ဘာဘီကျူးတွေနေရာမှာ အစားထိုးစားသုံးနိုင်တဲ့ အကောင်းဆုံး အစားအစာတစ်မျိုးပါပဲ။ သက်သတ်လွတ်စားနေတဲ့သူတွေ အသားအစားထိုး စားနိုင်သလို Pork chops (ဝက်သားကင်)၊ Beef Steak (အမဲသားကင်)၊ ကြက်ကင်တို့နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ဒါမှမဟုတ် ကလေးတွေအတွက် မုန့်ပဲသရေစာတစ်မျိုးအဖြစ် ကျွေးမယ်ဆိုရင်လည်း သင့်တော်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ နာနတ်သီးမှည့်တစ်လုံးရယ်၊ ပျားရည် စားပွဲတင်ဇွန်း (၃) ဇွန်းခန့်ရယ်၊ ထောပတ်အနှစ် စားပွဲတင်ဇွန်း (၃) ဇွန်းခန့်ရယ်၊ သံပုရာရည် လတ်လတ်ဆတ်ဆတ် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာရယ် ဖြစ်ပါတယ်။

ပြုလုပ်နည်း

aid1430753-v4-728px-Make-Grilled-Pineapple-Step-1-Version-2.jpg 

အရင်လုံး အရွယ်တော်နာနတ်သီးမှည့်တစ်လုံးကိုယူလိုက်ပြီး အခွံခွာ၊ မျက်စိထုတ်တာလေးတွေကို အရင်လုပ်လိုက်ပါ။ နာနတ်သီးအသားချည်းပဲ ပေါ်လာပြီဆိုတော့မှ ပုံပါအတိုင်း အကွင်းလေးတွေဖြစ်အောင် တစ်လက်မအရွယ်လောက်တိုင်းပြီး လှီးလိုက်ပါ။ ပြီးတော့မှ အထဲကအူတိုင်ကို ခက်ရင်းတစ်ချောင်းနဲ့ ကလော်ထုတ်လိုက်ပါ။

အပေါ်မှာပြထားတဲ့ ပါဝင်ပစ္စည်းထဲက ပျားရည်ရယ်၊ ထောပတ်အနှစ်ရယ်၊ သံပုရာရည်ရယ်ကိုတော့ ပန်းကန်လုံးငယ်တစ်လုံးထဲမှာ ရောထားလိုက်ပါ။ ဇွန်းတစ်ချောင်းနဲ့ သမအောင်မွှေပေးလိုက်ပါဦး။ ပြီးရင်တော့ ရလာတဲ့ အနှစ်ကို နာနတ်သီးစိတ်လေးပေါ်မှာ နည်းလမ်း (၂) မျိုးနဲ့ သုတ်လိမ်းနိုင်ပါတယ်။ ပထမတစ်နည်းကတော့ နာနတ်သီးစိတ်လေးတွေပေါ်မှာ အကင်ကင်ရင်ဆီသုတ်တဲ့ ဘရပ်ရှ်နဲ့ သုတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒုတိယတစ်နည်းကတော့ ဘူးတစ်ဘူးထဲမှာ နာနတ်သီးစိတ်လေးတွေနဲ့ အနှစ်ကိုရောပြီး မိနစ် (၃၀) လောက်ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားလိုက်တာပါပဲ။

 

ပြီးရင်တော့ နာနတ်သီးကင်တဲ့ လုပ်ငန်းကိုစလို့ရပါပြီ။ အကင်ဖိုပေါ်မှာ နာနတ်သီးစိတ်လေးတွေကို တင်ပြီး ကင်ပေးလိုက်ရုံပါပဲ။ ကင်တဲ့ကြာချိန်ကတော့ တစ်ဖက်ကို (၃) မိနစ်စီလောက်ဆိုရင်ရပါပြီ။ (၃) မိနစ် ပြည့်ရင်တော့ ထက်အောက်လှန်ပေးလိုက်ပေါ့။ ပြီးရင်တော့ အကင်ဖိုပေါ်ကချပြီး ပန်းကန်ပြားထဲမှာ တည်ခင်းနိုင်ပါပြီ။ ပိုမိုကောင်းမွန်တဲ့အရသာအတွက် ပျားရည်ရယ်၊ သံပုရာရည်၊ ထောပတ်နည်းနည်းရယ် ရောပြီး အပေါ်ကထပ်ဆမ်းပေးလိုက်ပါဦး။ ဒါဆိုရင်တော့ Pork Chops နဲ့ပဲတွဲစားစား၊ Beef Steak နဲ့ပဲ တွဲစားစား၊ ဒီတိုင်းပဲစားစား ကောင်းမွန်တဲ့နာနတ်သီး ဘာဘီကျူးကင်လေးကိုရရှိပါပြီ။

 

Source: Wikihow

Share

Loading Next Article...
က္က