ချက်တဲ့အချိန်ထက် ပြင်ဆင်နေရချိန်က ပိုကြာတတ်တယ်။ အဲ့ဒီလိုမဖြစ်ရအောင်....

ဘယ်ဆိုင် ဘယ်လောက်ကောင်းကောင်း အိမ်ချက်လက်ရာလောက်တော့ စားမကောင်းတာအမှန်။ အပြင်မှာဝယ်စားရတာ ငြီးငွေ့လာတော့ ကိုယ်တိုင်ပဲ မီးဖိုချောင်ထဲ ဝင်ချက်လိုက်ရတယ်။ ဒါတောင် တစ်ခါတစ်လေမှနော်။ အမြဲတမ်း၊ နေ့စဉ်မပြတ် မီးဖိုချောင်ဝင်နေရသူတွေလည်း အများကြီးရှိမှာပါ။ အဲ့ဒီလိုမျိုး နေ့စဉ် မီးဖိုချောင်ဝင်နေရသူတွေအတွက် အသုံးတည့်မယ့်အရာလေးတွေကို Duwun က မျှဝေလိုက်ပါတယ်။

၁။ ရေခဲသေတ္တာထဲမှာ ကြိုပြင်ထား

make-your-fridge-a-salad-bar-1495224798.jpg 

အသီးအရွက်တွေကို ကြိုတင်လှီးဖြတ် ဆေးကြောပြီး ထည့်ထားပါ။ ချက်တဲ့အချိန် အဆင့်သင့်ယူချက်နိုင်တာပေါ့။ အရွက်တွေ၊ အသီးတွေကိုလည်း ရောမထားဘဲ အိတ်လေးတွေနဲ့ ခွဲထားရင် အချိန်ကုန်သက်သာတယ်။ အာလူးပြုတ်၊ ကြက်ဥပြုတ် စတာတွေလည်း ထည့်ထား။ အချိန်မရရင် အမြန်ချက်လို့ရမယ့်အရာတွေပေါ့။

၂။ Pressure cooker

use-a-pressure-cooker-1495224798.jpg 

ချက်ပြုတ်တဲ့အခါ အနူးမြန်ဆုံးကတော့ pressure cooker ပဲ။ အသားတင်မက အရိုးပါ မြန်မြန်နူးသွားတာ။ များများချက်ရမယ့်အချိန်မျိုးဆိုရင် pressure cooker နဲ့ပဲချက်။

၃။ အိမ်မှာစိုက်

grow-your-own-herbs-1495224798.jpg 

ပင်စိမ်း၊ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံတို့က အိမ်မှာစိုက်ထားလို့ရတယ်။ စိုက်လို့လည်းလွယ်တယ်။ ရှမ်းနံနံဆိုရင် အမြစ်ငုတ်လေးကို မြေကြီးမှာထိုးထားပြီး ရေလေးစိုနေရင်ကို သူ့ဘာသာရှင်နေရော။ လိုတဲ့အချိန်ကျ ပြေးလွှားရှာစရာမလိုတော့ဘူး။ အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုတာမျိုးဖြစ်အောင် ကြိုးစားကြည့်ပါ။

၄။ လျှော့ဈေးရတုန်းဝယ်သင့်တာတွေက

buy-in-bulk-or-on-sale-1495224798.jpg 

ပဲအမျိုးမျိုးလေ။ လျှော့ဈေးနဲ့ရရင် ဝယ်ထားလိုက်လို့ရတယ်။ ပုပ်သိုးလွယ်တဲ့ဟာမှမဟုတ်တာ။ အရည်သောက်မရှိတဲ့နေ့တွေဆို ပဲဟင်းလေးတစ်ခွက်လောက်ချက်လိုက်ရင် ခံတွင်းမြိန်မှာ။

၅။ အသုပ်အတွက် ကြိုပြင်ပါ

pack-your-salads-in-ice-1495224798.jpg 

မနက်ထမင်းဘူးအတွက် အရွက်သုပ်လေး ထည့်သွားမယ်ဆိုရင် ဒီလိုမျိုး အထုပ်လေးနဲ့ကြိုပြင်ထား။ အနားနီးမှ လှီးချွတ်ဆေးကြောရတဲ့ အချိန်တွေ မကုန်ရတော့ဘူးပေါ့။

၆။ အချိန်

making-effort-ahead-of-time-1495224798.jpg 

ချက်ပြုတ်ဖို့ ပြင်ဆင်ရတဲ့အချိန်ကို သတ်မှတ်ထားပါ။ ဥပမာ နာရီအတွင်း အကုန်ပြင်ဆင်ပြီးရမယ်ဆိုတာမျိုး။ ဘာလို့လဲဆိုတော့ တကယ်တမ်းချက်တာက သိပ်မကြာဘူး၊ ပြင်ဆင်နေရတာကမှ ပိုကြာတတ်လို့ပါပဲ။

Source : List

Share

Loading Next Article...
က္က