ကော်ဖီကောင်းတစ်ခွက်ဆိုတာ တနေ့တာရဲ့အကောင်းမွန်ဆုံးအရာတွေထဲက တစ်ခုပါပဲ။
 

ကော်ဖီကောင်းတစ်ခွက်ဆိုတာ တနေ့တာရဲ့အကောင်းမွန်ဆုံးအရာတွေထဲက တစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အဖျော်ယမကာတစ်မျိုးဖြစ်တဲ့ ကော်ဖီကို ကမ္ဘာပေါ်မှာ မိမိနည်း၊ မိမိဟန်နဲ့ ပုံစံအမျိုးမျိုး ဖျော်စပ်သောက်သုံးကြပါတယ်။



ကမ္ဘာပေါ်မှာ ကော်ဖီဖျော်စပ်ပုံအမျိုးမျိုးရှိတဲ့ထဲကမှ ထူးထူးခြားခြားကော်ဖီတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ထောပတ်သီး လက်တေးလ်

avocado-lattes-today-tease1-170523_6edf12c027806b6f225732db4fa870ec.jpg 

ထောပတ်သီးတွေက ကျန်းမာရေးနဲ့ညီညွှတ်ပြီး အရသာလည်းရှိပါတယ်။ သူ့ကို နို့ဆီနဲ့သုပ်စားလို့လည်းရတယ်။ ပေါင်မုန့်ပေါ်မှာလည်း ယိုလိုသုတ်ပြီး စားလို့လည်းရတယ်။ ဒါမှမဟုတ် လက်တေးလ်ကော်ဖီ ထည့်သောက်လို့လည်း ရပါတယ်။ ထောပတ်သီးထဲမှာ လက်တေးလ်ကော်ဖီထည့်သောက်ခြင်းက လူငယ်တွေကြားမှာ ဟာသတစ်ခုလိုဖြစ်နေပေမယ့် အရသာကတော့ တကယ်ကောင်းပါတယ်။ ကော်ဖီပုံစံသစ်ကို မြည်းစမ်းလိုသူတွေအနေနဲ့ မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ်။

၂။ ကော်ဖီအကြည်

cac72392fbb715016694320c8137de58.jpg 

ကော်ဖီအကြည်ကတော့ ကမ္ဘာတဝှမ်းလုံးမှာရနိုင်တဲ့ ကော်ဖီမျိုးမဟုတ်ပါဘူး။ သူဟာတခြားကော်ဖီတွေလိုမဟုတ်ဘဲ အရောင်အဆင်းကင်းမဲ့တဲ့ ကော်ဖီတစ်မျိုးဖြစ်ပါတယ်။ သူ့ကို အာရပ်ကော်ဖီစေ့နဲ့ ရေသန့်ရောနှောပြီး ပေါင်းခံထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှှာရရှိနိုင်ပြီး amazon ကလည်းမှာယူလို့ရပါတယ်။ သူ့ရဲ့အရသာကို ကြိုက်နှစ်သက်သူရှိသလို မကြိုက်နှစ်သက်သူတွေလည်း ရှိပါတယ်။ စမ်းသပ်မကြည့်ရသေးဘဲနဲ့တော့ မကောင်းဘူးပြောလို့တော့မရဘူးပေါ့လေ။

၃။ မီးသွေးကော်ဖီ

c20ad4d76fe97759aa27a0c99bff6710-6.jpg.pagespeed.ce.1eUoN05CvN.jpg 

မီးသွေးမှုန့်ကို ကော်ဖီထဲထည့်ဖျော်မယ်ဆိုတော့ ကျန်းမာရေးနဲ့ညီညွှတ်ပါ့မလားလို့တော့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့စနစ်တကျဖျော်စပ်မှုတွေနဲ့ဆိုရင် မီးသွေးကော်ဖီဟာ ခင်ဗျားရဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်တဲ့။ ဘာလို့လဲဆိုတော့ မီးသွေးမှုန့်က ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို စုပ်ယူဖယ်ရှားပေးနိုင်လို့ပါပဲ။ မီးသွေးမှုန့်နဲ့ လက်တေးလ် (latte) ကို ရောစပ်ထားတာ ကြည့်လို့လည်းကောင်း၊ သောက်ရတာလည်း အရသာရှိပါသတဲ့။ ဘယ်လိုလဲ။ မြည်းစမ်းရဲကြလား။

၄။ ကော်ဖီအပြင်းစား

11_of_the_Weirdest_Coffees_05.jpg 

Vicious Coffee လို့နာမည်ပေးထားတဲ့ ကော်ဖီဆိုင်ဟာ တောင်သြစတြေးလျမှာရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဖြစ်ပြီး ဆိုင်ကိုလာတဲ့ဖောက်သည်တွေကို ကမ္ဘာပေါ်မှာအပြင်းဆုံးဆိုတဲ့ ကော်ဖီတွေနဲ့ ဧည့်ခံတတ်ပါတယ်။ သူတို့ရဲ့ကော်ဖီကို ပိုပြီးထူးခြားစေတာကတော့ သူတို့ကသူတို့ရဲ့ကော်ဖီကို အထူးပြုလုပ်ထားတဲ့ သံဘူးပြားလေးတွေထဲမှာထည့်သွင်းရောင်းချပြီး အပေါ်မှာလည်း "Vicious Coffee" ဆိုတဲ့ စာသားထွင်းထားပါတယ်။ နေ့တစ်ဝက်လောက် လူကမြောက်ကြွမြောက်ကြွ ဖြစ်နေချင်တယ်ဆိုရင်တော့ သူတို့ဆီက ကော်ဖီတစ်ဘူးသာဝယ်သောက်လိုက်ပါ။

၅။ ကဖင်းမပါတဲ့ကော်ဖီ

Curtis_70280200403.jpg 

ကော်ဖီချစ်သူတွေဟာ ကော်ဖီရဲ့အရသာကိုနှစ်သက်ကြသလို ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ကိုလည်း နှစ်သက်ကြတာများပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်မှာလည်း ဆိုးကျိုးအနည်းငယ်ရှိတော့ တချို့လူတွေရဲ့ ကျန်းမာရေးအခြေအနေအရ ကော်ဖီကို ချစ်မြတ်နိုးပါရက်နဲ့ ကော်ဖီနဲ့နီးခွင့်မကြုံကြရရှာပါဘူး။ အဲဒီလိုလူတွေအတွက် ကဖင်းဓာတ်မပါဝင်တဲ့ ကော်ဖီတစ်မျိုးလည်း ရှိပါသေးတယ်။ ရှာရတော့ ခက်ပေမယ့် ကဖင်းဓာတ်နဲ့ ဓာတ်မတည့်သူတွေအတွက်တော့ အလွန်အဆင်ပြေစေပါတယ်။

Source: herbeauty


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က