သံလိုက်ပါတဲ့ အင်္ဂလိပ်စာလုံးကတ်လေးကိုလည်း သယ်သွားဦး။

လူကြီးတွေပဲ ခရီးထွက်ရတာ ကြိုက်တာမဟုတ်ဘူးနော်။ သားသား၊မီးမီးတို့လည်း ခရီးထွက်ရတာကြိုက်တယ်။ ကလေးတွေအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ခရီးသွားတိုင်း အိမ်မှာမထားခဲ့ပါနဲ့။ ခရီးထွက်ရတဲ့အခါ ကလေးတွေမှာလည်း ကောင်းကျိုးတွေအများကြီးရပါတယ်။ ကလေးတွေကို ခရီးကိုခေါ်သွားမယ်လို့ ကြံထားပြီးပြီဆိုရင်တော့ ဒါလေးတွေကို အရင်ဖတ်လိုက်ပါဦး။



သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ခရီးသွားခြင်းကရတဲ့ အကျိုးကျေးဇူး (၅) မျိုး

၁။ လမ်းပေါ်မှာ ဗဟုသုတရှာ

1025881_10151482105126778_1746755237_o.jpg 

ခရီးတစ်လျှောက် တွေ့ရတဲ့ တိရစ္ဆာန်လေးတွေကို ကလေးတွေက တအံ့တသြကြည့်ကြလိမ့်မယ်။ ကိုယ်က အဲ့ဒီအကောင်လေးတွေအကြောင်း ကလေးတွေကို သင်နိုင်တာပေါ့။ ပြီးတော့ ကလေးတွေက လက်ညှိုးလေးတထိုးထိုးနဲ့ မေးလာတဲ့အခါ ပြောပြရှင်းပြပါ။ ပြီးရင် ပြန်မေးပါ။ သူတို့အတွက် အသိဉာဏ်ပွားတဲ့ခရီးလေး ဖြစ်လာပါလိမ့်မယ်။ ကလေးကလည်း ဂျီမကျတော့ဘဲ ဘေးဘီကိုပဲစိတ်ဝင်စားတော့မှာ။

၂။ ပညာရေးအတွက်ဂိမ်းလေးတွေ

Travelling-with-Kids-Family-Activities.png 

ခရီးထွက်လို့ စာသင်ပျက်ရတယ်ဆိုတာမျိုး မဖြစ်အောင် နည်းလမ်းတွေ ရှိပါတယ်။ ဈေးဝယ်တဲ့အခါ ကလေးကို ကုန်ကျစရိတ်တွေ ပေါင်း၊ နုတ်ခိုင်းပါ။ ဝယ်တဲ့ပစ္စည်းတွေကို စာလုံးပေါင်းခိုင်း၊ ချရေးခိုင်းပါ။ သံလိုက်ပါတဲ့ အင်္ဂလိပ်စာလုံးကတ်လေးကိုလည်း သယ်သွားဦး။ ကလေးကို စာလုံးပေါင်းခိုင်းရအောင်လေ။

၃။ ကျန်းမာရေးနဲ့ညီညွတ်တဲ့သွားရေစာ

c60667e13c285f22cf61741be9327b1e.jpg 

လူကြီးတွေက အကြောင်းမဟုတ်ဘူး ဘယ်ရောက်ရောက် စားတတ်တယ်။ ကလေးတွေကျတော့ ကျွေးချင်တိုင်းကျွေးလို့မရဘူး။ အစာမကြေဖြစ်မှာလည်း စိုးရိမ်ရတယ်။ သူတို့ စားနေကြ သွားရေစာလေးတွေကို ထည့်သွားပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သွားရေစာကို ကျွေးတာက ဒေသထွက်အစားအစာတွေကို ချက်ခြင်းကျွေးလိုက်တာထက်စာရင်တော့ ကလေးအတွက် ပိုသင့်လျော်ပါလိမ့်မယ်။

Source : Life as Mama


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က