ခရီးသွားခြင်းက စိတ်ပျိုကိုယ်နုစေတဲ့ ဆေးဝါးတစ်မျိုးပါပဲ။
 

ခရီးသွားခြင်းက စိတ်ပျိုကိုယ်နုစေတဲ့ ဆေးဝါးတစ်မျိုးပါပဲ။ ခရီးသွားတာတော့ ဟုတ်ပါပြီ။ ဘယ်ကိုသွားရမှာလဲ မသိတဲ့သူတွေအတွက် ကမ္ဘာပေါ်က အလှပဆုံးနေရာတွေကို ညွှန်းဆိုဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဖတ်ရှုသင့်တဲ့အကြောင်းအရာ (ကမ္ဘာပေါ်က အလှပဆုံးလည်ပတ်စရာနေရာများ)

၁။ Antelope Canyon, Arizona, United States (အမေရိကန်၊ အရီဇိုးနားက အန်တီးလုပ်တောင်ကြား)

8001e09770eb5a33234848976f9dd75c.jpg 

အန်တီးလုပ်ပ်တောင်ကြားဟာ အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်းမှာတည်ရှိတဲ့ တောင်ကြားတစ်ခုဖြစ်ပါတယ်။ ၎င်းဟာ အရီဇိုးနားပြည်နယ်၊ Page ရဲ့ အရှေ့ယွန်းယွန်းက Navajo မှာ တည်ရှိပါတယ်။ အန်းတီးလုပ်ပ်တောင်ကြားမှာ သီးခြားရပ်တည်နေတဲ့ သဘာဝတောင်နံရံ (၂) ခုပါရှိပြီး လူအများက "Upper Antelope Canyon (အပေါ်ပိုင်း အန်းတီးလုပ်ပ်တောင်ကြား)" (သို့) "The Crack (အကွဲကြောင်း)" (သို့) "The Corkscrew (ဝိုင်ပုလင်းဖောက်တံ)" ဆိုပြီး တင်စားခေါ်ဝေါ်ကြပါတယ်။

လှပတဲ့သဲကျောက်နံရံတွေနဲ့ အန်းတီးလုပ်ပ်တောင်ကြားဟာ အမေရိကန်ပြည်ထောင်စုရဲ့ သဘာဝအလှတရားတွေထဲမှာ ပါဝင်ပြီး မဖြစ်မနေသွားရောက်ကြည့်ရှုသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မိုးရာသီမှာတော့ အန်တီးလုပ်ပ်တောင်ကြားမှာ ရေကြီးတတ်လို့ အလည်လာသူတွေကို ဝင်ခွင့်မပြုပါဘူးတဲ့။

၂။ Antarctica (အန္တာတိကတိုက်)



အန္တာတိကတိုက် ကတော့ ကမ္ဘာပေါ်မှာအလှပဆုံးနေရာတစ်ခုပါပဲ။ တောင်ဝင်ရိုးစွန်းအနီး၊ တောင်ဘက်အကျဆုံးမှာတည်ရှိတဲ့ အန္တာတိကတိုက်ဟာ လူသူမရှိဘူးထင်ရတဲ့ ရေခဲတွေဖုံးလွှမ်းနေတဲ့ နေရာတစ်ခုပါပဲ။ အန္တာတိကတိုက်ကို အလည်သွားကြတဲ့ သင်္ဘောတွေကတော့ တောင်အမေရိကတိုက်ထိပါ ဆက်စပ်နေတဲ့ အန္တာတိက ပန်နီဆူလာကိုအလည်သွားကြပါတယ်။

နောက်ပြီး အန္တာတိကတိုက်ဟာ Lemaire Channel နဲ့ Paradise Harbor တို့ကြောင့်လည်း နာမည်ကျော်ကြားပါတယ်။ အဲဒီနေရာတွေဟာ ရေခဲပြင်တွေနဲ့ဆက်စပ်နေပြီး အလွန်လှပတဲ့နေရာတွေဖြစ်ပါတယ်။ အရင်တုံးက ဗြိတိသျှလေ့လာရေး စခန်းတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာပြတိုက်တစ်ခုအဖြစ် ပြောင်းလဲလိုက်တဲ့ Port Lockroy ဟာလည်း ထင်ရှားတဲ့နေရာ တစ်ခုဖြစ်ပါတယ်။

ပင်နီဆူလာမှာ ရေခဲပြင်နေတိရစ္ဆာန်တွေနေထိုင်ပြီး ချစ်စရာပင်ဂွင်းလေး တွေကိုလည်း အများကြီးတွေ့ရမှာပါ။ Penguins of Madagascar ပရိသတ်တွေအတွက်တော့ အိမ်မက်မက်နေသလို ခံစားရစေမှာပါ။

၃။ Great Barrier Reef, Australia (သြစတြေးလျက ဂရိတ်ဘယ်ရီရာ ကျောက်တန်း)

great-barrier-reef-hardy.jpg 

သြစတြေးလျ အရှေ့မြောက်အရပ်က Queensland ကမ်းရိုးတန်းအလွန်က ဂရိတ်ဘယ်ရီရာကျောက်တန်းဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးကျောက်တန်းတစ်ခုဖြစ်ပြီး အာကာသထဲကကြည့်ရင်တောင် မြင်နိုင်ပါတယ်။ ဒီ (၂၃၀၀) ကီလိုမီတာရှည်လျားတဲ့ ဂေဟစနစ်ကြီးဟာ ကျောက်တန်းပေါင်းထောင်နဲ့ချီ၊ သန္တာကျောက်မာ၊ အပျော့ပေါင်းစုံကနေ ဖြစ်တည်လာတဲ့ ကျွန်းငယ်ပေါင်း ရာနဲ့ချီ၊ ပေါင်းစည်းရာကနေ ဖြစ်တည်လာပါတယ်။ ဒီဂေဟစနစ်ကြီးမှာ မရေမတွက်နိုင်တဲ့ ရောင်စုံငါးတွေ၊ ကမုတ်ကောင်တွေ၊ ကြယ်ငါးတွေ၊ လိပ်တွေ၊ လင်းပိုင်တွေ၊ ငါးမန်းတွေ မှီတင်းနေထိုင်ကြပါတယ်။

ဒီကျောက်တန်းဟာ ကမ္ဘာပေါ်မှာတည်ရှိတဲ့ သဘာဝအံ့ဖွယ်နေရာတစ်ခုဖြစ်သလို သြစတြေးလျရဲ့ အလှပဆုံး ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။ မိုင်ပေါင်း (၁၄၃၀) ရှည်လျားပြီး ကျောက်တန်းငယ်ပေါင်း (၃၀၀၀) ကျော်နဲ့ဖွဲ့စည်းထားတဲ့ ကျောက်တန်းကြီးဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံး သန္တာကျောက်တန်းကြီးတစ်ခုပါပဲ။

၄။ Grand Canyon, Arizona, United States (အမေရိကန်၊ အရီဇိုးနားက မဟာတောင်ကြား)

maxresdefault.jpg 

အမေရိကန်ပြည်ထောင်စုမှာတည်ရှိတဲ့ မဟာတောင်ကြားကတော့ တစ်ဖက်ကိုစောင်းနေတဲ့ တောင်နံရံတွေနဲ့ တောင်ကြားဖြစ်ပြီး တောင်ကြားထဲမှာတော့ Colarado (ကော်လိုရာဒို) မြစ်က ဖြတ်သန်းစီးဆင်း နေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ မဟာတောင်ကြားထက်လှပတဲ့နေရာမရှိတော့ဘူးလို့တောင် ယူဆရပါတယ်။ အသက်ရှူမှားစဖွယ် တစ်ဖက်စောင်းနေတဲ့ တောင်နံရံတွေနဲ့ မဟာတောင်ကြားဟာ (၂၂၇) မိုင်ရှည်လျားပြီး (၁၈) မိုင်ကျယ်ဝန်းပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ မဟာတောင်ကြားက အကြီးမားဆုံးပါပဲ။ ဒါ့အပြင် မဟာတောင်ကြားဟာ ကမ္ဘာ့သဘာဝအံ့ဖွယ် (၇) ပါးထဲမှာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ မဟာတောင်ကြားရဲ့အံ့သြဖွယ်အရောင်ပြောင်းကျောက်တွေနဲ့ ကြေးနီရောင်ကော်လိုရာဒိုမြစ်ဟာ ပနာရလှပါတယ်။

မဟာတောင်ကြားအောက်ခြေမှာတွေ့ရှိရတဲ့ ကျောက်တွေကို သက်တမ်း သန်း (၂၀၀၀) ကျော်ပြီလို့ ခန့်မှန်းကြပါတယ်။ အမေရိကန်တိုက်ရဲ့ဒေသခံ အင်ဒီးယန်းလူနီတွေဟာ မဟာတောင်ကြားဝန်းကျင်မှာ နှစ်ထောင်နဲ့ချီပြီး နေထိုင်လာခဲ့ကြတာပါ။ မဟာတောင်ကြားမှာတည်ရှိတဲ့ Havasupai ရေတံခွန်ကလည်း ကမ္ဘာ့အံ့သြဖွယ်အကောင်းဆုံး ရေတံခွန်တစ်ခုဖြစ်ပါတယ်။

၅။ Maldives (မော်လ်ဒိုက် ကျွန်းစု)

kandolhu-maldives-34117564-1496396782-ImageGalleryLightboxLarge.jpg 

မော်လ်ဒိုက် အကြောင်းကတော့ ကြားဖူးပြီးသားဖြစ်မှာပါ။ မော်လ်ဒိုက်ဟာ အိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိတဲ့ အပူပိုင်းဒေသ ကျွန်းစုတစ်ခု ဖြစ်ပါတယ်။ မော်လ်ဒိုက်ကို လက်စွပ်ပုံစံ သန္တာကျောက်တန်း (၂၆) ခုနဲ့ ဖွဲ့စည်းထားပြီး သန္တာကျောက်နဲ့ပြုလုပ်ထားတဲ့ ကျွန်းငယ်ပေါင်း (၁၀၀၀) ကျော်ပါဝင်ပါတယ်။ မော်လ်ဒိုက်နာမည်ကျော်ကြားရတဲ့အကြောင်းကတော့ သူ့ရဲ့ကမ်းခြေတွေ၊ အပြာရောင်ထုံးအိုင်တွေနဲ့ သန္တာကျောက်တန်းတွေကြောင့်ပဲဖြစ်ပါတယ်။

မော်လ်ဒိုက်ရဲ့မြို့တော် Malé ကတော့ ငါးအမျိုးအစားပေါင်းစုံ ရောင်းချဖောက်ကားရာဈေးကွက်တစ်ခုဖြစ်သလို စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေများစွာလည်း တည်ရှိပါတယ်။ နောက်ပြီး (၁၇) ရာစုကတည်းက တည်ရှိတဲ့ Hukuru Miskiy ကိုတော့ အဖြူရောင် သန္တာကျောက်နဲ့ပြုလုပ်ထားပါတယ်။

မော်လ်ဒိုက်ရဲ့ အဖြူရောင်သဲသောင်ပြင်တွေ၊ မှော်ဆန်တဲ့ရေအောက်ကမ္ဘာနဲ့ အံ့သြဖွယ်ကမ်းခြေအပန်းဖြေစခန်းတွေကြောင့် ကမ္ဘာပေါ်က နတ်ဗိမာန်လေးသဖွယ် ဖြစ်ခဲ့ပါတယ်။ မော်လ်ဒိုက်မှာ သန္တာကျွန်းပေါင်း (၁၁၉၀) ရှိပြီး (၂၀၀) ကျော်ကတော့ လူသူကင်းမဲ့ပါတယ်။

Source: Bradofo

Share

Loading Next Article...
က္က