လန်ဒန်က ချားရဟတ်ထက် ပိုကြီး၊ ပိုလှတယ်။

London Eye လို့ အမည်တွင်တဲ့ လန်ဒန်မြို့က ချားရဟတ်ကြီးဟာ မြို့ရဲ့အထိမ်းအမှတ်တစ်ခုလည်းဖြစ်သလို ကမ္ဘာလှည့်ခရီးသွားတွေစိတ်ဝင်စားတဲ့နေရာလည်းဖြစ်ပါတယ်။ လန်ဒန်မြို့ London Eye လိုပဲ နောက်ထပ်နာမည်ကျော်တာကတော့ လတ်စ်ဗေးဂတ်စ်မြို့က High Roller ချားရဟတ်ဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးချားရဟတ်အဖြစ် စံချိန်တင်ထားတာပါ။ ခုတော့ London Eye လို လှပပြီး လတ်စ်ဗေးဂတ်စ်ကချားရဟတ်ရဲ့ ကမ္ဘာ့စံချိန်တင်အမြင့်ကို ကျော်တက်မယ့် ကမ္ဘာ့အကြီးဆုံးချားရဟတ်ကြီးကို ဆောက်လုပ်နေပါပြီ။

 

ကမ္ဘာ့အကြီးဆုံးချားရဟတ်အဖြစ် စံချိန်သစ်တင်မယ့် ချားရဟတ်ကြီးကိုတော့ ဒူဘိုင်းမြို့မှာ ဆောက်လုပ်နေတာဖြစ်ပါတယ်။ ဆောက်လုပ်ရေးပိုင်းတွေက ပြီးစီးလုနီးပြီလို့ သိရပါတယ်။

 

Ain Dubai လို့ အမည်ပေးထားတဲ့ ချားရဟတ်ကြီးဟာ အမြင့်အားဖြင့် ၆၆၈ ပေ ရှိပြီး လူစီးတွဲပေါင်း ၄၈ တွဲ ပါဝင်မှာ ဖြစ်ပါတယ်။ စုစုပေါင်း ခရီးသည့် ၁၄၀၀ ဦး တင်ဆောင်လှည့်လှည်ကာ အပေါ်စီးကနေ ပင်လယ်နဲ့ ဒူဘိုင်းမြို့အလှကို ကြည့်မြင်ခံစားနိုင်ပါလိမ့်မယ်။ စတီးလ်တန်ချိန်ပေါင်း ၉၀၀၀ နဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး ဒေသရာသီဥတုရဲ့ အပူဒဏ်ကို ခံနိုင်အောင်လည်း လေအေးပေးစက်တွေ တပ်ဆင်ပေးထားပါတယ်။

 

Ain Dubai ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ဆောက်လုပ်နေခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ ဆောက်လုပ်ရေး အပြီးသတ်မယ်လို့ သိရပါတယ်။ ပြီးသွားပြီဆိုရင်တော့ လန်ဒန်က London Eye ရော လတ်စ်ဗေးဂတ်စ်က High Roller တို့ကိုပါ ကျော်တက်ကာ ကမ္ဘာ့စံချိန်သစ် ရနိုင်တော့မှာဖြစ်ပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က