အများကြီးစားရင် အပူကန်တတ်တာ သတိထားဦးနော်။

မကြိုက်တဲ့လူတွေကတော့ ဒူးရင်းသီးအနံ့ကို မခံစားနိုင်ဘူးလို့ ပြောကြမှာပဲ။ ကြိုက်တဲ့လူတွေကျတော့လည်း ဒူးရင်းသီးမှဒူးရင်းသီး အရမ်းကိုကြိုက်တာ။ အရမ်းကြိုက်ပေမဲ့ ဒူးရင်းသီး ဈေးကြီးတော့ တော်တော်နဲ့လည်းမစားနိုင်ပါဘူး။ ခုလို ရာသီပေါ်ချိန်မှာသာ အပီအပြင်တွယ်ရတာ။ ဒူးရင်းသီးပေါ်ချိန်မှာ ဒူးရင်းသီးကောင်းကောင်းကို ရွေးဝယ်လို့ရအောင် ပြောပြလိုက်မယ်နော်။

 

၁။ ပထမဆုံးကတော့ အနံ့ကိုစမ်းရတာပါပဲ။ ဒူးရင်းသီးမှည့်ပြီဆို အနံ့က မွှေးနေတာ။ ရှုကြည့်စရာတောင်မလိုဘူး။ အနားကပ်မှ အနံ့ထွက်ရင်တော့ သိပ်မမှည့်သေးလို့ပေါ့။

၂။ ဒူးရင်းသီးကို လှုပ်ကြည့်ပါ။ လက်နဲ့ဒီတိုင်းကိုင်ရင် စူးမှာဆိုတော့ အဝတ်လေးခံပြီးကိုင်ကြည့်ဖို့လိုမယ်။ လက်နဲ့ကိုင်ပြီး ဆတ်ခနဲလေး ဆောင့်လှုပ်ကြည့်ပါ။ အထဲကနေ အဆံတွေလှုပ်သံနည်းနည်းကြားရရင် ဒူးရင်းသီးက ကောင်းပါတယ်။ အသံမကြားရဘူးဆိုရင်တော့ အမှည့်လွန်နေတာ၊ စိမ်းနေတာ ဖြစ်ပါလိမ့်မယ်။

 

၃။ နောက်တစ်ခုကတော့ လူကြီးတွေဆီက လက်ဆင့်ကမ်း သိလာတဲ့နည်းပါ။ ဆူးကိုကြည့်ကြည့်ပါတဲ့။ ဒူးရင်းသီးက မှည့်လေလေ ဆူးကျဲလာလေလေပါပဲလို့ဆိုတယ်။

၄။ အသီးရဲ့အက်ကြောင်းက ငါးမြောင်းရှိနေပြီး အလေးချိန်ကအသင့်အတင့်ရှိနေတာကိုရွေးပါ။ အရမ်းလေးတာက အစေ့ကြီးနေတတ်ပါတယ်။

 

ဒူးရင်းသီးဝယ်တဲ့အခါ တချို့ဆိုင်တွေကတော့ အသီးရဲ့အက်ကြောင်းထဲကို ဓားလေးနဲ့ထိုးပြီး အရသာကို အမြည်းပေးလေ့ရှိတယ်။ အဲ့ဒီလိုဆိုင်တွေမှာဝယ်ရင် အကောင်းဆုံးပေါ့။ ဒူးရင်းသီးက အပူကန်တတ်တာမို့လို့ စားပြီးရင် အပူဖုလေးတွေ ထွက်လာတတ်ပါတယ်။ ဒူးရင်းသီးစားပြီး မင်းဂွတ်သီးစားရင် အပူကန်တာ သက်သာတယ်လို့လည်း ဆိုကြတယ်။

Share

Loading Next Article...
က္က