ဟိုတယ်တွေကို သွားရောက်တည်းခိုတဲ့အခါ ငွေကြေးကြွယ်ဝသူတွေအနေနဲ့ သီးသန့်ဟိုတယ်အခန်းတွေကို တည်းကြပါတယ်။ ယင်းအခန်းတွေမှာ အဆင့်မြင့် ဇိမ်ခံအသုံးအဆောင်တွေ ဖြည့်ပေးထားပြီး အခြားအခန်းတွေနဲ့ ခြားနားလောက်အောင်ကို ပြင်ဆင်ပေးထားတာပါ။ ဒါကြောင့်မို့လို့လည်း ဈေးကြီးကြီးပေးရပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်အခန်းတွေကိုကြည့်လိုက်ရင် တစ်ညတည်းစရိတ်က အိမ်တစ်လုံးအပိုင်ဝယ်လို့ရတဲ့အထိကို ပေးရတာ တွေ့ရမှာပါ။
၁။ The Mark Hotel
[No available link text]
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာရှိတဲ့ The Mark Hotel ရဲ့ Grand Penthouse တွေမှာ တည်းမယ်ဆိုရင် တစ်ညကို ဒေါ်လာ ၇၅၀၀ ပေးရပါသတဲ့။ ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်အခန်းခ ဖြစ်ပါတယ်။ အိပ်ခန်း ၅ ခန်း၊ စာကြည့်တိုက်၊ ဘားတို့ ပါရှိပါတယ်။
၂။ Hotel President Wilson
ဆွစ်ဇာလန်နိုင်ငံက Lake Geneva အနီးမှာတည်ရှိတဲ့ Hotel President Wilson ရဲ့ royal penthouse အခန်းတွေဟာ တစ်ညကို ဒေါ်လာ ၆၀၀၀ ပေးပြီး တည်းရပါတယ်။ အဆင့်မြင့်ဇိမ်ခံအသုံးအဆောင်တွေကို ထည့်သွင်းပေးထားသလို လုံခြုံရေးအပြည့်အဝလည်းပေးပါတယ်။ သီးသန့်လုံခြုံရေးအဖွဲ့၊ ကျည်ကာမှန်ပြတင်းပေါက်တွေကို ထည့်သွင်းပေးထားပါ။ အိပ်ခန်း ၁၂ ခန်းတောင် ပါဝင်သလို Gym လည်း ထည့်ပေးထားပါတယ်။
၃။ Delana Hilltop Estate
ဖီဂျီ၊ Laucala ကျွန်းက Delana Hilltop Estate မှာ တစ်ညတာ တည်းမယ်ဆိုရင် ဒေါ်လာ ၄၄၀၀ ပေးရပါတယ်။ အရမ်းကို လှပလွန်းတဲ့နေရာပါ။ အနည်းဆုံး ၄ ည တည်းမှရသတဲ့။
၄။ Raj Palace
အိန္ဒိယနိုင်ငံ Raj Palace က Presidential Suite အခန်းမှာ တည်းမယ်ဆိုရင် တစ်ညကို ဒေါ်လာ ၄၅၀၀ ပေးရတယ်လို့ သိရပါတယ်။ ၁၈ ရာစုခေတ်က နန်းတော်တစ်ခုအတိုင်း ပြင်ဆင်ထားတဲ့နေရာဆိုတော့ တည်းသူတွေအနေနဲ့ ဘုရင်တစ်ပါးလို ခံစားမိမှာသေချာပါတယ်။
၅။ Four Seasons Hotel
နယူးယော့ခ်မြို့မှာပဲ ရှိတာပါ။ Four Seasons ဟိုတယ်ရဲ့ penthouse မှာ တစ်ညတာ တည်းမယ်ဆို ဒေါ်လာ ၄၅၀၀ ပေးရပါလိမ့်မယ်။ အခန်းတွင်းပြင်ဆင်ပုံတွေက တကယ်ကို အမိုက်စားတွေပါ။ နာမည်ကျော်ဒီဇိုင်နာ I.M. Pei ရဲ့ လက်ရာမို့လို့ ဈေးကြီးဟန်တူပါတယ်။
Source : Pop Sugar